ဥပဒေကျောင်းသူလေး ကာလေ၊ အချစ်ရေး ကံခေတဲ့ လီနာ၊ဂန်းစတားတစ်ယောက်ဖြစ်ချင်တဲ့ ဂျစ်ကန်ကန် ကယ်ဗင်၊ကယ်ဗင်နဲ့ပေါင်းပေမဲ့ ဂန်းစတားဘဝရောက်မသွားချင်တဲ့ဒရေး။ သူတို့လေးယောက်ရဲ့ ကံကြမ္မာက ၉၆ မိနစ်အတွင်းဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို ကြည့်ရမဲ့ဇာတ်လမ်းမျိုးပဲဖြစ်ပါတယ်။ကယ်ဗင်က ဂျစ်ကန်ကန်လူငယ်တစ်ယောက်ဖြစ်တဲ့အတွက်သူဖြစ်ချင်တဲ့ ဂန်းစတားအဖွဲ့ဝင်ဖြစ်ဖို့ ကားခိုးလိုက်တဲ့အချိန်မှာဘာတွေဆက်ဖြစ်မလဲ သူ့ရဲ့ဆုံးဖြတ်ချက်က လူလေးယောက်ရဲ့ဘဝအပေါ် ဘယ်လောက်သက်ရောက်မှုဖြစ်သွားမလဲ။ အဲဒါတွေကို မတူညီတဲ့ရှုထောင့်လေးခုကနေ ကြည့်ရှုရမှာပါ။