High Life HD

High Life

Drama Mystery Science Fiction HD 2018-09-26 5.76 113 Min

၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ Robert Pattison ရဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။မင်းသမီးကတော့ X, Pearl အစရှိတဲ့ A24 ရဲ့ နာမည်ကြီး Slasher ရုပ်ရှင်တွေမှာ ပါဝင်ခဲ့တဲ့ Mia Goth ပဲဖြစ်ပါတယ်။IMDb Rating 5.8, Rotten Tomatoes 82% ရရှိထားတဲ့ Sci-Fi, Mystery, Thriller အမျိုးအစားရုပ်ရှင်ပါ။(18+ Warning- ကိုယ်လုံးတီးအခန်းတွေ၊ အမြင့်မတင့်တယ်တဲ့ ပြကွက်တချို့ပါဝင်တာမို့ မိသားစုနဲ့အတူ ကြည့်ရှုရန်မသင့်တော်ပါ။Official rating ကလည်း R ဖြစ်ပါတယ်။)ဇာတ်လမ်းအကျဉ်းကတော့ ကမ္ဘာမြေမှာ ပြစ်ဒဏ်ကျူးလွန်ထားကြပြီးထောင်ဒဏ် တစ်သက်တစ်ကျွန်းကျခံထားရတဲ့ သူတွေ၊ သေဒဏ်ကျခံထားရတဲ့သူတွေကို ဒုတိယအကြိမ်အခွင့်အရေးပေးမယ်သိပ္ပံပညာတိုးတက်မှုအတွက် ထမ်းဆောင်ပေးကြဆိုပြီး အာကာသယာဉ်တစ်စီးနဲ့ ထည့်ကာ နေအဖွဲ့အစည်းနဲ့ ဝေးရာဆီကို ပစ်လွှတ်လိုက်ပါတယ်။တကယ်တမ်းမှာတော့ ထောင်သားတွေကို ယာဉ်ပေါ်မှာ ပါလာတဲ့ ထောင်သားတွေဆီကနေ သုက်ပိုးကို ယူ၊အမျိုးသမီးတွေထဲကိုထည့် ကိုယ်ဝန်ရအောင်လုပ်၊ အာကာသထဲမှာ ကလေးမွေးပြီးတော့ စမ်းသပ်ချင်တာပါ။အဲလိုစမ်းသပ်ရာကနေ ကလေးတစ်ယောက်မွေးခဲ့ပေမယ့် ယာဉ်ပေါ်မှာ သမီးလေးနဲ့မွန်တီ(ရောဘတ်ပက်တင်ဆန်)တို့ နှစ်ယောက်ပဲ အသက်ရှင်ကျန်ခဲ့ပြီးရှင်သန်နိုင်ဖို့ ရုန်းကန်ရပုံတွေကို မွန်းကြပ်ပြီး ရင်တမမနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။