မှုခင်းဆရာဝန်ဒေါက်တာချင်ရဲ့ သွေးမင်္ဂလာပွဲကွင်းဆက်လူသတ်မှုအကြောင်း ဇာတ်ကားလေးလာပါပြီ။ဒီတစ်ခါမှာတော့ မှုခင်းဆရာဝန်ဒေါက်တာချင်နဲ့သူ့ရဲ့တွဲဖက်ရဲအရာရှိလင်ဟာမင်္ဂလာပွဲမှာယဇ်ပူဇော်ပွဲအခမ်းအနားလိုအပြင်အဆင်နဲ့သတို့သမီးသတ်ခံရတဲ့အမှုကိုစုံစမ်းရတာဖြစ်ပါတယ်။အဲဒီအမှုက လွန်ခဲ့တဲ့(၁၅)နှစ်တုန်းက သတို့သမီးသတ်ခံရတဲ့အမှုနဲ့တစ်ပုံစံထဲဖြစ်နေလို့ အမှုတွဲပေါင်းပြီးစုံစမ်းနေတုန်းမှာပဲနောက်ထပ်ပုံစံတူသတို့သမီးသတ်ခံရတဲ့အမှုကပေါ်လာပြန်တယ်။ဒီအမှု(၃)မှုကိုအမှုတွဲပေါင်းပြီးစုံစမ်းနေတဲ့အချိန်အတွင်းမှာဒေါက်တာချင်ဟာမင်္ဂလာပွဲကျင်းပဖို့ပြင်နေပြီး သူ့ရဲ့မင်္ဂလာပွဲနေ့မှာကွင်းဆက်လူသတ်မှုထဲကအတိုင်းပစ္စည်းတွေကိုတွေ့ရတော့သတို့သမီးကိုစိတ်ပူပြီးလိုက်ရှာတဲ့အချိန်မှာ သတို့သမီးဟာပျောက်နေပါတယ်……လွန်ခဲ့တဲ့(၁၅)နှစ်ကအမှုနဲ့ လက်ရှိအမှု(၂)မှုကဒေါက်တာချင်တို့ ဘယ်လိုဖော်ကြမလဲ။သေဆုံးခြင်းရဲ့နောက်ကွယ်ကအကြောင်းအရင်းတွေကဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရင်းတွေဖြစ်နေမလဲဆိုတာကိုဆက်ပြီးအဆုံးထိ ကြည့်ပြီးအဖြေကကိုယ်ထင်ထားတာနဲ့တူရဲ့လားဆိုတာကြည့်လိုက်ရအောင်နော်။