အချိန်တွေကို နောက်ဆုတ်လို့ရရင်ကောင်းသားကွာ ဒါဆိုရင်မင်းငါ့နားမှာရှိဦးမှာဆိုတဲ့ သီချင်းစာသားအတိုင်း အချိန်တွေကိုတကယ်နောက်ပြန်ဆုတ်လို့ရပြီး ကိုယ်ကယ်တင်ချင်တဲ့လူတွေကိုကယ်တင်လို့ရမယ် ကိုယ်လုပ်ချင်တာကိုလုပ်လို့ရတယ်ဆိုရင်တကယ်ကောင်းမှာပါပဲ။ဒါမှမဟုတ် အဲ့ဒါက တကယ်ရောကောင်းပါ့မလား။အဲ့ဒီအဖြေကိုတော့ IMDb Rating 5.5 ရရှိထားတဲ့ဒီ Control Zeta ဆိုတဲ့ဇာတ်ကားလေးထဲမှာတွေ့ရမှာပဲဖြစ်ပါတယ်အချိန်တွေကိုနောက်ပြန်ဆုတ်ပြီး အသတ်ခံရမဲ့လူတွေ သေတော့မဲ့လူတွေကိုလိုက်လံကယ်တင်ပေးနေတဲ့ အချိန်တပ်ဖွဲ့တစ်ခုရှိပြီး ဂရေးဆိုတဲ့လူကတော့အဲ့ဒီတပ်ဖွဲ့ထဲကအတော်ဆုံးအချိန်အေးဂျင့်တစ်ယောက်ပဲဖြစ်ပါတယ်။အတော်ဆုံးဆိုပေမဲ့ သူ့အလုပ်သက်တမ်းမှာ သူမကယ်တင်နိုင်ခဲ့တဲ့သူတစ်ယောက်တော့ ရှိပါတယ်။အဲ့ဒါကတခြားတော့မဟုတ်ပါဘူးသူ့မိန်းမဖြစ်သူပါပဲဘာလို့အဲ့လို မကယ်တင်နိုင်ခဲ့လဲဆိုတာကတော့ သူတို့အချိန်နောက်ပြန်သွားပြီးကယ်လို့ရတဲ့ အချိန်ကာလက ငါးနာရီပဲအကန့်အသတ်ရှိလို့ပါပဲ။အဲ့ဒီနောက်ပိုင်း သမီးဖြစ်သူနဲ့လဲကွဲကွာသွားခဲ့ပြီးအလုပ်ထဲမှာပဲစိတ်နှစ်နေခဲ့ပါတော့တယ်။ဒါပေမယ့် သူတို့ကယ်လို့မရအောင် လူတွေကိုသေဆုံးချိန်ငါးနာရီအတွင်း သူတို့မသိနိုင်အောင်လိုက်သတ်နေတဲ့လူသတ်သမားတစ်ယောက်ပေါ်ပေါက်လာတဲ့အခါမှာတော့ ဂရေးနဲ့သူ့အဖွဲ့သားတွေ အဲ့ဒီလူသတ်သမားကိုလိုက်ရှာပြီး ဘာလို့အဲ့လိုလိုက်သတ်နေတယ်ဆိုတာကို အဖြေရှာကြပုံကိုတွေ့ရမှာပဲဖြစ်ပါတယ်။