Lost Sofia HD

Lost Sofia

Fantasy Romance HD 2023-07-13 7.278 103 Min

မတူညီတဲ့ ခေတ်နှစ်ခေတ်ကို အခြေခံထားတဲ့ ပေါ်တူဂီစကားပြော ဘရာဇီးအချစ်ကားလေး ဖြစ်ပါတယ်။ ဆိုဖီယာဆိုတာက လက်ရှိအချိန်ကာလမှာစာအုပ်ထုတ်ဝေရေးတိုက်က ရှေးဂန္ဒဝင်စာအုပ်တွေကို ချစ်မြတ်နိုးတဲ့ ကောင်မလေးတစ်ယောက်၊ အချစ်ဆိုတာကို နာကျင်မှုတွေနဲ့သာ အဆုံးသတ်လေ့ရှိပြီးစာအုပ်တွေထဲမှာသာ ပျော်စရာဇာတ်သိမ်း ရှိနေတယ်လို့ အချစ်ကို အယုံအကြည်မရှိ အစွန်းရောက်နေသူလေးပေါ့။ ငယ်စဉ်ကတည်းက တစ်ဦးတည်းရှိတဲ့သူငယ်ချင်းမလေး နီနာက အချစ်စစ်နဲ့တွေ့ပြီး အိမ်ထောင်ပြုမယ် ယောင်နောက်ဆံထုံးပါတော့မယ်ဆိုတော့ လက်ထပ်တာကို မယုံကြည်သူ ဆိုဖီယာနဲ့ နီနာတို့စကားများကြပြီး တစ်ယောက်တည်း အိမ်ပြန်လာချိန် ထူးဆန်းတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ဆုံစည်းခဲ့ပါတယ်။ထို အမျိုးသမီးဖြစ်သူက ဆိုဖီယာကို သူ သိပ်နှစ်သက်တဲ့ ရှေးဂန္ဒဝင်စာအုပ်တွေထဲကအတိုင်း ၁၈၀၀ ကျော်ကာလဆီကို ပို့ပေးလိုက်ပါတော့တယ်။ အဲဒီမှာ ဆိုဖီယာတစ်ယောက် အမျိုးသမီးတွေဆို အပိုးကျိုးကျိုးနေရတဲ့ ရှေးခေတ်ကို ရောက်သွားပြီး လူကုံထံအသိုင်းအဝိုင်းက ရုပ်ချော ဥစ္စာပေါ သူဌေးလေး အီယန်နဲ့ တွေ့ဆုံလိုက်ရတဲ့အခါမှာတော့ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာ ဟာသလေးနှောပြီးအချစ်ဇာတ်လမ်းလေးကို ကြည့်ရှုရမှာပါ။အမျိုးသမီးတွေရဲ့ လွတ်လပ်မှုတွေကို ပိတ်ပင်ချုပ်နှောင်ထားတာတွေ အရင်ခေတ်ရဲ့ မတူညီတဲ့ စံနှုန်း ယဉ်ကျေးမှု ဓလေ့စရိုက် ကွာခြားမှုကို ပညာပါးပါး ပုတ်ပြထားပါသေးတယ်။ ပါဝင်ထားတဲ့ မင်းသား မင်းသမီးလည်း ချောမောပြီး ကျွန်တော်ကတော့ အရံလေးတွေကိုတောင် အဓိကမင်းသမီးထက် ပိုသဘောကျမိပါသေးတယ်။