First Sunday HD

First Sunday

Action Comedy HD 2008-01-11 5.653 96 Min

Rapper‌ လောကအပြင် ဟာသဇာတ်ကားတွေမှာ နာမည်ကြီးတဲ့ Ice Cubeရဲ့ နောက်ထပ် ဇာတ်ကားလေးတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒူရွဲနဲ့ လီဂျွန်ဆိုက တကယ့်ဖွတ်ကျားနှစ်ကောင်။ အလုပ်မယ်မယ်ရရမရှိ ထောင်နဲ့တရားရုံးခဏခဏရောက် တရားသူကြီးကတောင်ဩချရတဲ့ ဘ၀မှာဘာရည်ရွယ်ချက်မှမရှိကြတဲ့ သူငယ်ချင်းတွေ။ ခပ်တုံးတုံး လီဂျွန်မွှေလာတဲ့ပြဿနာတခုကြောင့်ရောဒူရွဲရဲ့သားဖြစ်သူကြောင့်ရော ငွေအပူတပြင်းလိုအပ်နေကြတဲ့ သူငယ်ချင်းနှစ်ယောက် ဒီတခေါက် ရွှေဉာဏ်တော်စူးရောက်လိုက်ကြတာကတော့ အနီးအနားက ဘုရားကျောင်းတခုရဲ့ ရန်ပုံငွေတွေကိုဓားပြတိုက်ဖို့ပါပဲ။ ဒါပေမယ့် သူတို့အစီအစဉ် စစပြီးချင်း စတက်တဲ့ ပြဿနာကတော့ သူတို့ထက် အရင်ဦးပြီး ပိုက်ဆံကို တယောက်ယောက်ကခိုးသွားတာပါ။ ဒူရွဲတို့ထက် ဘယ်သူကအရင်ခိုးသွားတာလဲ။အဲ့သည်ငွေတွေကရော အခုဘယ်မှာလဲ။ ဘုရားကျောင်းက အဖွဲ့၀င်တွေရဲ့လက်ချက်လား။ အဆုံးမှာ ဒီသူငယ်ချင်းနှစ်ယောက်ရဲ့ မဟာအစီအစဉ်ကြီး ဘယ်လိုမျိုးအဆုံးသတ်သွားမလဲဆိုတာကိုရယ်မောရင်းကြည့်ရှုခံစားပေးကြပါဦးခင်ဗျ။