Hurricane Season HD

Hurricane Season

Crime Drama Thriller HD 2023-11-01 7.375 99 Min

Hurricane Season ရုပ်ရှင်ဟာ ၂၀၂၃ ခုနှစ် Netflix ကထုတ်လုပ်ခဲ့တဲ့ Mexican ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။နာမည်ကြီးသရုပ်ဆောင်တွေ မပါပေမဲ့လည်းသရုပ်ဆောင်တာတွေက သဘာဝကျလွန်းလို့ ရုပ်ရှင်တစ်ကားဆိုတာကိုတောင် မေ့နေမှာ ဖြစ်ပါတယ်။ဇာတ်လမ်းရဲ့ အဓိကကျောရိုးလေးကတော့ နယ်မြို့လေးတစ်မြို့မှာတည်ထားတာဖြစ်ပါတယ်။ အဲ့မြို့မှာ စုန်းမကြီးလို့ လူတွေက ခေါ်ကြတဲ့Gay တစ်ယောက်ရှိပြီးထုံးစံအတိုင်း သူ့အကြောင်း သွားပုပ်လေလွင့်တွေကအများကြီးပေါ့။ အဲ့ဒါကိုမှ အဲ့ gay နဲ့ ပတ်သက်နေတဲ့ လူငယ်တစ်ယောက်နဲ့သူ့ရဲ့မိသားစုအကြောင်းတွေကို ထိထိမိမိကိုယ်တိုင်ဝင်ရောက်ခံစားရသလိုရိုက်ကူးပြထားပါတယ်။ တစ်ရက်တော့ အဲ့ဒီ နာမည်ပျက်နေတဲ့ စုန်းမလို့ခေါ်တဲ့gay ရဲ့အလောင်းကို တွေ့လိုက်ရတဲ့အခါ အဲ့ဒါရဲ့ နောက်ကွယ်က ဘယ်လိုဇာတ်လမ်းတွေအကြောင်းရင်းတွေ ရှိမလဲဆိုတာ စိတ်ဝင်စားဖွယ်ရာmystery ဆန်ဆန် ကြည့်ရှုရမဲ့ mexico ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်