The Five Venoms HD

The Five Venoms

Action HD 1978-08-12 6.7 102 Min

သိုင်းလောက မိတ်ဆွေတွေအတွက် ရှေးဟောင်းဂန္ဓဝင်သိုင်းကားတစ်ကားကို တင်ဆက်ပေးလိုက်ချင်ပါတယ်။သိုင်းလောကထဲမှာ အဆိပ် ၅ ဖော်ဂိုဏ်းဟာနာမည်ဆိုးနဲ့ ကျော်ကြားလျက် ရှိပါတယ်။ အဆိပ် ၅ ဖော်ဆိုတဲ့အတိုင်း သိုင်းသမားတွေဟာလည်း အစဉ်လိုက်ပြောရမယ်ဆို ကင်းခြေများ၊ မြွေ၊ ကင်းမြီးကောက်၊ ဖားပြုပ်နဲ့ တောက်တဲ့ဆိုပြီး အသီးသီးရှိကြပါတယ်။ သူ့ သိုင်းပညာနဲ့သူပေါ့ ဇာတ်လမ်းအစပျိုးထားပုံကတော့ ဒီ အဆိပ် ၅ ဖော်ဂိုဏ်းရဲ့ ဆရာကြီးဟာသေဆုံးခါနီး ဖြစ်ပြီး ဂိုဏ်းရဲ့နာမည်ပျက်ကို ချေဖျက်ချင်နေတဲ့လူဖြစ်ပါတယ်။ ဒါကြောင့်နောက်ဆုံးတပည့်လေးဖြစ်တဲ့ ယန်ထေးကိုဒီ ဂိုဏ်းတူညီအစ်ကိုတွေကို လိုက်ရှာပြီး ကောင်းတဲ့လူဆိုလွှတ်ထားပြီး မကောင်းတဲ့လူဆို အပြစ်ပေးသုတ်သင်ဖို့ရယ်ဆရာဖြစ်သူနဲ့ တူတူ သိုင်းပညာသင်ကြားခဲ့တဲ့ဦးလေးဖြစ်သူဆီကနေရတနာတွေကို ယူပြီး လှူဒါန်းဖို့အတွက် မြို့ငယ်လေးတစ်မြို့ကိုစေလွှတ်လိုက်ပြီး နောက်ဆုံးဆန္ဒလေးကို အောင်မြင်အောင်ဆောင်ရွက်နိုင်ပါ့မလား ဒီလို အသီးသီးဇာတ်မြုပ်နေကြတဲ့အဆိပ် ၅ ဖော်က ဘယ်သူတွေ ဖြစ်မလဲ စသဖြင့်လျှို့ဝှက်ချက်တွေနဲ့အတူ သိုင်းပညာတွေကို ပြန်လည်ရှုစားရမှာပဲ ဖြစ်ပါတယ်ဗျာ။