ကေတီနဲ့မီကာတို့ဟာ နှစ်ရှည်တွဲလာခဲ့တဲ့စုံတွဲတွေဖြစ်ပြီး အတူတူအေးအေးချမ်းချမ်းနေထိုင်နေရင်း အိမ်မှာထူးထူးဆန်းဆန်းဖြစ်ရပ်တွေကြုံလာပါတော့တယ်ကေတီကတော့ငယ်ကတည်းကဒီလိုကြုံနေကျမလို့ သိပ်မထူးဆန်းတော့ပေမဲ့ မီကာတစ်ယောက်ကတော့စိတ်တွေလှုပ်ရှားပြီး ဒီ ထူးဆန်းတဲ့ဖြစ်ရပ်တွေကိုအရမ်းစိတ်ဝင်စားနေခဲ့တာပါ….လူကိုလည်းဘာဒုက္ခမှမပေးဘဲ ဆန်းဆန်းပြားပြားတွေဖြစ်နေရတာဘယ်သူ့ကြောင့်လဲ သရဲလား တစ္ဆေလား နတ်ဆိုးလား ဆိုတာကိုလည်းဘယ်သူမှမသိနိုင်ပါဘူး။ဒီလိုနဲ့နှစ်ယောက်သား ထူးဆန်းတဲ့ကိစ္စတွေကိုစုံစမ်းကြရင်း ဒီလိုဖြစ်ရပ်တွေကဘာကြောင့်ဖြစ်နေရတာလဲ အဲ့ထူးဆန်းတဲ့အရာကြီးကိုဖယ်ရှားနိုင်ပါ့မလား ဆိုတာကိုကြည့်ရှူရမှာပါParanormal activityဇာတ်ကားတွေထုံးစံအတိုင်း စောင့်ကြည့်ကင်မရာမှတ်တမ်းတွေလိုမျိုး ရိုက်ကူးထားတာမလို့ တကယ့် Ghost hunting show တွေကြည့်နေရသလို ခံစားရမှာဖြစ်ပါတယ်