Yaaro HD

Yaaro

Crime Thriller Mystery HD 2022-02-04 9 102 Min

ထိုင်ခုံအစွန်းက မခွာပဲ ရင်တမမ ထိုင်ကြည့်ရမယ့် တမေးလpsychological-horror/ thriller တစ်ကားတင်ဆက်ပေးလိုက်ပါတယ်“ဂျွန်” က ခန့်မှန်းရခက်တဲ့လူသူပိုင်တဲ့အိမ်က အကြီးကြီး ဒါပေမယ့် အလုပ်ထဲမှာ သူဌေးမငယ်ငယ်တစ်ယောက် ဆူတာ အမြဲခံရတဲ့ ဝန်ထမ်းတစ်ချိန်က ချမ်းသာတဲ့မိဘတွေလည်း ဦးလေးဖြစ်သူရဲ့ သစ္စာဖောက်မှုကြောင့် ရှိသမျှကုန်ပြီး သားလေးအတွက်အိမ်တစ်လုံးပဲ ကျန်ခဲ့တယ် အမေဖြစ်သူကလည်း စိတ်ရောဂါနဲ့ဆုံး အဖေကလည်း ဇနီးဇောနဲ့ စိတ်ဒဏ်ရာရပြီး အိမ်က ပျောက်သွားလို့ “ဂျွန်” တစ်ယောက် အိမ်ကြီးထဲမှာတစ်ကိုယ်တည်းနေရတယ်ချန်နိုင်းမြို့ကြီးမှာ တစ်နေ့တခြား ကွင်းဆက်လူသတ်မှုတွေ များလာတယ် သတင်းတွေမှာတော့“အိမ်ပြင်မထွက်ပါနဲ့ သူစိမ်းအဝင်မခံပါနဲ့” စသဖြင့် တောက်လျှောက် တက်နေတာပဲတစ်နေ့ ညဘက်ကြီး ခြံထဲကို လူစိမ်းတစ်ယောက် ဝင်လာပြီး “ရေတိုက်ပါ” လို့ ဂျွန်ကို ပြောတယ်ဂျွန်လည်း ပထမ တော့ အတင်းငြင်းလွှတ်ပေမယ့် နောက်ဆုံးတော့ သူစိမ်းအတွက် ရေသွားယူနေတုန်းပြန်လာတော့ အဲဒီလူ မရှိတော့ဘူးအဲဒီအချိန် အမှတ်တမဲ့ သူ့အိမ်ပေါ်ထပ် ပြတင်းပေါက်ကို လှမ်းကြည့်လိုက်တဲ့ အခါမှာတော့သူ့အိမ်ပေါ်မှာ လူစိမ်းတစ်ယောက်ရှိနေတာကို သိလိုက်ရတော့တယ်Therapy နဲ့ ပြရတဲ့အထိ အိပ်မက်ဆိုးတွေ တောက်လျှောက်မက်လာတယ် အိပ်မက်ထဲကိုညဘက် ရေလာတောင်းတဲ့ ကြောင်တောင်တောင်လူ ပြန်ရောက်လာတယ်အိမ်မက်ထဲမှာ အက်ဆီးဒင့်တစ်ခုကလည်းထပ်တလဲလဲပြန်ပေါ်လာတယ်နောက်နေ့တစ်ညမှာလည်း အိမ်ထဲမှာ “တစ်စုံတစ်ယောက်” ရှိနေတာကိုထပ်ကြုံရတဲ့အခါမှာတော့ ဂျွန်တစ်ယောက် မနေနိုင်မထိုင်နိုင် ကြောက်လန့်ပြီးသူစိမ်းတစ်ယောက်ကို အကူအညီတောင်းရပါတော့တယ်ဆောင်းရာသီညနေခင်းမှာ နွေးနွေးထွေးထွေးဝတ် ကော်ဖီပူပူတစ်ခွက်ဖျော်ပြီးမိသားစုနဲ့ ဖြစ်ဖြစ် တစ်ကိုယ်တည်းဖြစ်ဖြစ် chill ဖို့ “jump scare”ကောင်းကောင်းနဲ့ slasher တစ်ကားရှာနေသူတွေ အတွက် ထိုင်ရာမထ ကြည့်လို့ရမယ့် တမီလ်ကား လေးပါ