Iraivan HD

Iraivan

Thriller HD 2023-09-28 9 152 Min

Iraivanဇာတ်ကားမှာတော့ Arjunဟာ သေခြင်းတရားကို မကြောက်တဲ့ရဲအရာရှိတစ်ယောက်ဖြစ်ပြီးတော့ ရာဇ၀တ်သားတွေကိုလဲရက်ရက်စက်စက်အပြစ်ပေးတတ်သူဖြစ်ပါတယ်။သူငယ်ချင်းဖြစ်သူAndrewကတော့ Arjunကို အမြဲကူညီစောင့်ရှောက်ပေးခဲ့တယ်။တစ်နေ့မှာတော့ မိန်းကလေးတွေကိုပြစ်မှတ်ထားပြီးတော့ရက်စက်စွာသတ်ဖြတ်နေတဲ့ စိတ္တဇလူသတ်သမား Baramaကိုဖမ်းဆီးဖို့အတွက်Arjunတို့သူငယ်ချင်း၂ယောက်ကို တာ၀န်ပေးခံခဲ့ရတယ်။Arjunတစ်ယောက် Baramaကို အောင်မြင်စွာဖမ်းဆီးနိုင်ခဲ့ပေမဲ့ သူငယ်ချင်းဖြစ်သူAndrewကတော့ထိခိုက်ဒဏ်ရာရကာသေဆုံးသွားခဲ့တယ်။Andrewကို မကယ်နိုင်ခဲ့တဲ့အပြစ်ရှိစိတ်ကြောင့် Arjunဟာ ရဲဌာနကနှုတ်ထွက်ပြီးတော့ Andrewရဲ့မိသားစုကိုစောင့်ရှောက်ပေးခဲ့တယ်။ဒါပေမဲ့ Baramaတစ်ယောက် ထောင်ကထွက်ပြေးလွှတ်မြောက်သွားကာ Arjunကို လက်စားချေဖို့အတွက် Andrewတို့မိသားစုကိုပစ်မှတ်ထားတိုက်ခိုက်လာချိန်မှာတော့ Arjunတစ်ယောက် Baramaကို ဘယ်လိုရင်ဆိုင်မလဲဆိုတာကို ကြည့်ရှူကြပါအုံး။