The Preacher HD

The Preacher

Thriller HD 2022-04-08 6.7 95 Min

အန်တန်နာစီယိုလို့ခေါ်တဲ့ လူလိမ်တစ်ယောက်ဟာ ခရစ်ယာန်ဘုန်းတော်ကြီးအနေနဲ့ ယောင်ဆောင်ပြီး အလှူငွေတွေလိုက်တောင်းနေသူတစ်ဦးဖြစ်ပါတယ်။ တစ်ဖက်မှာလည်း သမားတော်ဟန်ဆောင်ပြီးသက်ကြီးရွယ်အိုတွေကို လိုက်ပြီးကုပေးသယောင်ယောင် လုပ်တတ်ပါတယ်။ ဒါပေမဲ့ ရှာသမျှပိုက်ဆံကို အကုန်ပြန်ဖြုန်းတဲ့ အန်တန်နာစီယိုဟာ တစ်နေ့ပြီးတစ်နေ့ အကြွေးတွေပိုပိုတိုးလာပါတယ်။ ဒီလိုနဲ့ပဲသူ့ကိုအကြွေးလာတောင်းသူတွေက အကြမ်းဖက်တဲ့အထိပါလုပ်လာတဲ့အခါ အန်တန်နာစီယိုတစ်ယောက် သူနေထိုင်ရာမြို့ရဲ့ အခြားဒေသတစ်ခုကို ပြောင်းနေရပါတယ်။မြေပြန့်ဒေသကနေကုန်းမြင့်ပိုင်းကိုရောက်သွားတဲ့ အန်တန်နာစီယိုဟာ သူနေထိုင်ရာဒေသအနီးတစ်ဝိုက်မှာ ရောဂါတွေကိုပျောက်ကင်းပေးစေနိုင်တဲ့ ကောင်မလေးတစ်ယောက်အကြောင်းကိုကြားလိုက်ပါတယ်။အဲဒီကောင်မလေးကို ထိလိုက်ရုံနဲ့တင် ရှိရှိသမျှရောဂါမျိုးစုံပျောက်ကင်းသွားတယ်ဆိုတဲ့ တစ်ဆင့်စကားကို အန်တန်နာစီယိုတစ်ယောက် ကြားလိုက်ရတဲ့အချိန်မှာ အဲဒီကလေးမရဲ့ မိဘကိုစည်းရုံးသိမ်းသွင်းပြီးကလေးကိုအမြတ်ထုတ်ဖို့ကြိုးစားပါတော့တယ်။အစပိုင်းမှာတော့ ကလေးမရဲ့အိမ်ထဲမှာပဲ ကုသမှုတွေလုပ်နေနိုင်ခဲ့လို့ စီးပွားဖြစ်ထွန်းဟန်ရှိနေပေမယ့်လည်း “လောဘဟူသည်အဆုံးမရှိ” ဆိုသလို ဒီလိုအခြေအနေနဲ့တင် မရောင့်ရဲမတင်းတိမ်နိုင်ဘဲရသမျှပိုက်ဆံအကုန်လုံးကို ရင်းပြီး ကလေးမရဲ့မိဘတွေက ဘုရားကျောင်းတစ်ကျောင်းပါဆောက်ပြီး ကလေးကိုဗန်းပြပြီးအမြတ်ထုတ်ဖို့ ထပ်ပြီးကြိုးစားပါတော့တယ်။ ဒီလိုနဲ့ပဲအတုအယောင်လိမ်ဆင်ဆရာကြီး အန်တန်နာစီယိုတစ်ယောက် သူ့အပြစ်တွေရဲ့ အကျိုးဆက်ကို ဘယ်လိုပြန်ပြီးခံစားရမလဲ… ဥစ္စာဓနကို တပ်မက်တဲ့ လောဘစိတ်ကြောင့် စုံလုံးကန်းသွားတဲ့ကလေးမလေးရဲ့မိဘတွေရော ဘယ်လိုအဖြစ်ဆိုးနဲ့ကြုံတွေ့သွားရမလဲ… ဆိုတာကို ဒီဇာတ်ကားထဲမှာ သုတရသပေါင်းများစွာနဲ့ ရှုမြင်ခံစားရမှာပဲဖြစ်ပါတယ်။