A Most Wanted Man HD

A Most Wanted Man

Thriller HD 2014-07-25 6.478 121 Min

၉/၁၁ ဖြစ်စဉ်နောက်ပိုင်း ဟမ်းဘတ်ဂ်မြို့ဟာအမေရိကန်တို့ အထူးအာရုံစိုက်စောင့်ကြည့်လာတဲ့အကြမ်းဖက် လှုပ်ရှားမှုခြေရာခံရာဖြစ်လာခဲ့ပါတယ်အကြမ်းဖက်စစ်သွေးကြွအဖွဲ့ဝင်ဟုသတ်မှတ်ခံထားရသူအစ်စာကာပေါ့ဗ်ဟာဂျာမနီနိုင်ငံဟမ်းဘတ်ဂ်မြို့ကို တရားမဝင်နည်းလမ်းနဲ့ဝင်ရောက်လာပြီးခိုလှုံခွင့်တစ်နေရာရရှိဖို့ကြိုးစားနေသူဖြစ်သလို အဖေ ဖြစ်သူရဲ့ဟမ်းဘတ်မြို့ကဘဏ်တစ်ခုမှာ အပ်နှံထားတဲ့ငွေကို ထုတ်ယူဖို့ရည်ရွယ်ချက်ရှိနေသူလည်း ဖြစ်ပါတယ်ဘေရွတ်က နောက်ဆုံးစစ်ဆင်ရေးအပြီးမှာဟမ်းဘတ်ဂ်မြို့မှာ အကြမ်းဖက်ဆန့်ကျင်ရေးတပ်ဖွဲ့တစ်ခုကိုဦးဆောင်ဖို့ စေလွှတ်ခံရသူ ဟားရ်ဘတ်ခ်မန်းကလည်းသူလပေါင်းများစွာနောက်ယောင်ခံလိုက်နေတဲ့အကြမ်းဖက်ထောက်ပံ့သူဟု သံသယရှိသူအက်ဘဒူလာကို ဖော်ထုတ်နိုင်ဖို့ သော့ချက်အဖြစ်အစ်စာကာပေါ့ဗ်ကို စောင့်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်အစ်စာကာပေါ့ဗ်ဟာတွန်မီဘရူးဆိုသူ ဘဏ်လုပ်ငန်းရှင်ကို ရှာဖွေနေသူလွတ်မြောက်ဆဲအကြမ်းဖက်သမား ဖြစ်တယ်ဆိုတာကိုသိရှိပြီးနောက်မှာတော့ ဂျာမနီ နဲ့အမေရိကန်လုံခြုံရေးအေဂျင်စီများကပါအစ်စာကာပေါ့ဗ်အရေးကိုစိတ်ဝင်စား လာပါတော့တယ်နိုင်ငံမဲ့ဖြစ်နေသူတွေအတွက် လူမှုဝန်ထမ်းအကျိုးဆောင်အဖြစ်ဆောင်ရွက်ပေးနေသူ ရှေ့နေမလေးအန်နာဘဲလ် ရစ်ချတ် နဲ့ဘဏ်လုပ်ငန်းရှင် တွန်မီဘရူးပါ အဖေဖြစ်သူရဲ့ကတိစကားအတွက်အစ်စာကာပေါ့ဗ်ကို ကူညီပေးရန် ဖြစ်လာချိန်မှာတော့ဟားရ်ဘတ်ခ်မန်းရဲ့ ကစားကွက်ထဲကိုလှလှပပကြီး ကပြဖျော်ဖြေပေးရသူတွေ ဖြစ်လာပါ တော့တယ် အစ်စာကာပေါ့ဗ်ကရောသူပြောသလို အပြစ်မဲ့သူလား..အက်ဘဒူလာရဲ့ လျှိ့ဝှက်ချက်တွေကိုရောဖော်ထုတ်နိုင်မှာလား. ဟားရ်ဘတ်ခ်မန်း အနေနဲ့ အစ်စာကာပေါ့ဗ်ကို ဖမ်းဆီးလိုတဲ့ဂျာမနီနဲ့အမေရိကန်တို့ရဲ့လက်တံတွေကိုရောရှောင်ရှားနိုင်မလား. မေးခွန်းပေါင်းများစွာ နဲ့နောက်ဆုံးခန်းအထိ စိတ်ဝင်စားဖွယ် မငြီးငွေ့ရအောင်ဖန်တီးပေးနိုင်သော Spy/Thrillerဇာတ်ကားလေးကို CM က ပရိသတ်များကြည့်ရှုနိုင်ဖို တင်ဆက်ပေးလိုက်ရပါတယ်