မင်းသားချော ဆူဒီယားဘာဘူအထူးသရုပ်ဆောင်ထားတဲ့ဒရာမာအက်ရှင်တလေဂူးကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကောင်သုံးမျိုးကို တစ်ယောက်တည်းလို့မထင်မှတ်ရလောက်အောင်ပြောင်မြောက်တဲ့သရုပ်ဆောင်ချက်တွေနဲ့မို့ အထူးသရုပ်ဆောင်ထားတယ်လို့ သုံးလိုက်တာပါ။ရာဗီနဲ့ ရတ်ဘာဆိုတဲ့ မင်းသမီးချောနှစ်လက်လည်း ပါဝင်ထားပါတယ်။ခံစားချက်တွေကို ရင်ဖွင့်ချင်ရင် ဒိုင်ယာရီချရေး လျှို့ဝှက်ချက်ကိုရင်ဖွင့်ချင်ရင်တော့ ချရေး ဖြဲပြီးမီးရှို့ရတယ်တဲ့ လောကကြီးမှာ ယုံကြည်ရတဲ့လူဆိုတာ မိမိ မိမိ ပြီးတော့ မိမိကိုယ်တိုင်ပါပဲဖခင်တစ်ယောက်ရယ်လို့မဖြစ်လာခင်မှာ ဆရာဖြစ်သူအတွက် လူသတ်ပေးဖို့လုပ်ရင်းသတ်ရမဲ့အထဲက ကလေး၂ယောက်က လွတ်သွားခဲ့တယ် ဒီအမြွှာကလေး၂ယောက်ကနောင်တစ်ချိန်ကြီးလာရင် ကောင်းကောင်းကြီးလက်စားပြန်ချေမှာကို သိနေလေတော့ဖခင်ဖြစ်လာမဲ့တစ်ချိန်မှာ ဘယ်လိုကာကွယ်မှုတွေလုပ်မလဲ…အဖေတစ်ယောက်ရဲ့ ရင်သွေးအပေါ် ကာကွယ်စောင့်ရှောက်မှုက မွေးကင်းစလေးကနေစပြီးအရွယ်ရောက်တဲ့အခါပြီးဆုံးသွားတာမျိုးမဟုတ်ဘူးမလား။ဒီဇာတ်လမ်းထဲမှာရန်သူတွေများတဲ့ ဂန်းစတားအဖေကြီးတစ်ယောက်ကသူ့သမီးအပေါ်မှာ ကာကွယ်စောင့်ရှောက်လိုတဲ့စိတ်နဲ့ လုပ်ခဲ့တဲ့လုပ်ရပ်တွေ၊သမီးဖြစ်သူရဲ့ အချစ်အပေါ်မှာထားတဲ့ စိတ်သဘောထားနဲ့လုပ်ရပ်တွေသူတို့သားဖတွေရဲ့ တစ်ဦးနဲ့တစ်ဦးထားရှိကြတဲ့ ချစ်ခြင်းမေတ္တာတွေအပြင်မထင်မှတ်ထားတဲ့ လူသတ်မှုတွေပါ မှန်းမရလောက်အောင် ရှုပ်ထွေးတဲ့Plot Twist တွေပါတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ ဆက်လက်ကြည့်ရှုလိုက်ပါရှင်