Nightmare HD

Nightmare

Drama Horror Science Fiction HD 2022-10-22 6.7 100 Min

နော်ဝေနိုင်ငံထုတ် Nightmare ဆိုတဲ့ ဒီဇာတ်ကားလေးမှာ အိပ်မရခြင်း၊အိပ်မက်ဆိုးတွေမက်တာများလာတဲ့အခါစတဲ့ အိပ်မက်ကနေ လက်တွေ့ထိ ဘယ်လိုတွေသက်ရောက်လာလဲဆိုတာတွေကို Horrorကားပြီပြီသဲထိတ်ရင်ဖိုရိုက်ပြထားပါတယ်၊မင်းသမီး မိုနာကအလုပ်အချိန်ပိုဆင်းခဲ့ရတာများတော့ ညအိပ်တဲ့အခါ အိပ်မက်ဆိုးတွေမက်၊ယောင်ပြီးလမ်းလျှောက်တာတွေ၊ နောက်ပိုဆိုးလာတာတော့ ကိုယ့်ကိုယ်ကိုနဲ့ ဘေးကလူတွေကိုပါထိခိုက်အောင်လုပ်လာတဲ့ထိဖြစ်လာပါတယ်။ အဲဒါတွေကတော့ လက္ခဏာတွေပေါ့……မိုနာ့ဆီမှာကျ ဘယ်လိုတွေဖြစ်နေလဲဆို ညတိုင်းအိပ်မက်ထဲမှာ သူ့ကောင်လေး ရော့ဘီနဲ့တစ်ပုံတည်းတူတဲ့ကျောချမ်းစရာယောကျာ်းတစ်ယောက်ရောက်ရောက်လာတာပါ၊ အစပိုင်းတော့ဘာမှမဟုတ်ပေမယ့်မက်ပါများလာတော့ လက်တွေ့နဲ့ အိပ်မက်ရောလာပြီး အိပ်မက်ထဲကလုပ်ရပ်တွေပါအပြင်ထိသယ်လာမိတော့ မိုနာ နဲ့ ရော့ဘီ တို့နှစ်ယောက်ဘယ်လိုရင်ဆိုင်မလဲ၊ ကုထုံးတွေကရော အလုပ်ဖြစ်ပါ့မလား ပိုထိခိုက်လာမလား ။ ညဖက်မအိပ်ဘဲ အပျင်းပြေ horror vibeလေးရချင်တဲ့အခါ ကြည့်ပျော်မယ့် ဇာတ်ကားလေးပါပဲ….