Critical Keertanegalu HD

Critical Keertanegalu

Comedy Drama HD 2022-07-15 10 129 Min

မြန်မာနိုင်ငံမှာ လူကြီးလူငယ်မရွေး ဘောလုံးပွဲကိုနှစ်သက်ကျသလို အိန္ဒိယမှာလည်းခရစ်ကတ်ဆိုတာ အရွယ်မရွေးနှစ်သက်တဲ့အားကစားပါပဲ။ အားကစားရဲ့ရည်ရွယ်ချက်ကကောင်းပေမဲ့ယှဉ်ပြိုင်ခြင်းရဲ့နောက်ဆက်တွဲအနေနဲ့ အနိုင်အရှုံးနဲ့ အလောင်းအစားလေးက ကပ်ပါလာတဲ့အခါ…အပျော်တွေက ကောင်းကျိုးထက် ဆိုးကျိုးတွေကို ဖြစ်လာစေတဲ့အခါမှာ လောင်းကစားကလည်းအပျော်ဆော့တယ်ဆိုပေမဲ့ လောင်းရင်းလောင်းရင်း စွဲလမ်းစိတ်များလာတဲ့အခါမှာ ဒီစွဲလမ်းစိတ်ကြောင့်အိမ်ခြေရာမဲ့ဘဝတွေသာမကဘဲ အသက်တွေကိုပါ ဆုံးရှုံးရတာမျိုးတွေရှိလာတတ်ပါတယ်…ဒီဇာတ်လမ်းလေးကတော့ ဒီအချက်တွေကို အလေးထားပြီးတော့ လောင်းကစားတားမြစ်ဖို့အတွက်အသားပေးရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ဒီလို အချက်တွေကို ထောက်ပြပြီးတော့ တရားရုံးမှာ အယူခံခဏခဏဝင်တဲ့ ပြည်သူ့ဘက်တော်‌သားအကြံပေးရှေ့နေ ကာရီရပ်ပါ…အမှုတွေတစ်ခုမှမနိုင်တဲ့အပြင် ပိုက်ဆံတစ်ပြားမှမရှာနိုင်တဲ့အတွက် အိမ်ထောင်ရှင်တို့ဘဝမှာ ဖြစ်တတ်တဲ့ မိန်းမသားတို့ရဲ့ ဆူပူနားငြီးတတ်တာတွေ…အချစ်အိမ်လေးကိုရှေ့တန်းတင်ပြီးတော့ ပညာရေးကိုလစ်ဟထားလိုက်တော့ ဖြစ်လာတတ်တဲ့အကျိုးဆက်တွေ…ဒီလိုဇာတ်ရှုပ်ပေါင်းများစွာကို ဟာသလေးကို အခြေခံပြီးတော့ ရိုက်ကူးထားလိုက်တော့ ကြည့်ရှုရင်းနဲ့ဘဝအမောတွေကို ပြေပျောက်သွားစေမှာမလို့ review လေးဖတ်ရင်း တစ်လက်စတည်း ကြည့်ရှုလိုက်ကြပါဦး…