Borderline FHD

Borderline

Thriller FHD 2023-09-15 1 100 Min

2023 ရဲ့ Borderline ဆိုတဲ့ Budget ဇာတ်ကားသစ်လေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။အဖော်အချွတ်ခန်းတွေနဲ့ မူးယစ်ဆေးဝါးသုံးစွဲတဲ့အခန်းတွေအများကြီးပါတဲ့အတွက် ကလေးများကြည့်ရှုရန်မသင့်တော်ပါဘူး။ချာလီဆိုတဲ့ကောင်မလေးက မူးယစ်ဆေးစွဲနေပြီးမြန်မာကားတွေထဲမှာမြင်ရတဲ့အတိုင်း မိဘအိမ်မှာဆန်ကုန်မြေလေးလုပ်ပြီး အမေဖြစ်သူဆီကနေပိုက်ဆံတွေရှယ်တောင်းနေတဲ့ ပျက်စီးနေတဲ့ကောင်မလေးဖြစ်ပါတယ်။စိတ်ရောဂါလည်းရှိနေပြီး စိတ်နဲ့ပတ်သတ်တဲ့ဆေးတွေလည်းအများကြီးသောက်နေရပါတယ်။ဒီလိုနဲ့ တစ်နေ့မှာတော့ သူ့အမေအိမ်ကဆင်းချလာပြီးဇီးဆိုတဲ့ သူ့သူငယ်ချင်းဖြစ်သူနဲ့ အတူနေနေပါတော့တယ်။သူငယ်ချင်းတွေဆိုတော့လည်း ပုလင်းတူဘူးစွပ်တွေဖြစ်ပြီးညတိုင်းဆေးတွေသုံးကာ သာယာနေခဲ့ပါတယ်။ဒါပေမယ့် ဇီးကတော့ချာလီလောက်မဆိုးပါဘူး။ချာလီက သူ့ရဲ့စိတ်ရောဂါအခြေအနေနဲ့မူးယစ်ဆေးတွေကြောင့် စိတ်ထင်ယောင်ထင်မှားတွေဖြစ်ပြီးတက်ခဲ့ရတဲ့ပြဿနာပေါင်းလည်းမနည်းတော့ပါဘူး။သူ့ရောဂါတွေကျွမ်းလာပြီး ပြဿနာတွေလဲတစ်စထက်တစ်စပိုများလာပြီးနောက်မှာသူ့ဘဝကြီးကဘယ်လိုတွေဖြစ်လာမလည်းဆိုတော့စိတ်ဝင်တစားကြည့်ရှုသင့်တဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။