Fair Play HD

Fair Play

Drama Thriller HD 2023-09-28 6.6 113 Min

Netflix ကနေထွက်ရှိထားတာ မကြာသေးတဲ့ “Fair Play” ဆိုတဲ့ကားလေးကိုတင်ဆက်ပေးချင်ပါတယ်Rated R အမျိုးအစားဖြစ်တဲ့အတွက် မိသားစုနဲ့အတူကြည့်ဖို့တော့ မသင့်တော်ပါဘူးဇာတ်လမ်းအကျဉ်းကတော့ လုခ်နဲ့ အမ်မလီဟာ စေ့စပ်ထားတာမကြာသေးတဲ့ သိပ်ချစ်ကြပြီးသာယာတဲ့ဆက်ဆံရေးလေးရှိတဲ့စုံတွဲဖြစ်ပါတယ်လုခ်နဲ့အမ်မလီတို့ဟာ တစ်ကုမ္ပဏီထဲအလုပ်လုပ်နေကြပေမယ့် ကုမ္ပဏီရဲ့ပေါ်လစီကြောင့် သူတို့ရဲ့ဆက်ဆံရေးကိုလျှို့ဝှက်ထားခဲ့ကြတာပါသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးမှာ အားလုံးကချောမွေ့နေခဲ့ပေမယ့် အမ်မလီတစ်ယောက် လုခ်ကိုကျော်ပြီး ရာထူးတက်သွားတဲ့အချိန်မှာတော့အဆင်မပြေမှုတွေက စပြီးတော့ဖြစ်ပေါ်လာခဲ့ပါတယ် လုခ်အနေနဲ့ကလည်း သူအမြဲတမ်းရမယ်လို့ထင်ထားခဲ့တဲ့နေရာကို သူ့ချစ်သူအမ်မလီကရသွားခဲ့တာကြောင့်ဘယ်လိုပဲနားလည်ပေးဖို့ ကြိုးစားပါစေ စိတ်ထဲမှာ အဖုအထစ်တော့ရှိနေတာပါပဲ ဒီလိုကတောက်ကဆအဖုအထစ်တွေနဲ့ သူတို့ရဲ့ဆက်ဆံရေးကနောက်ဆုံးအထိခိုင်မြဲနိုင်ပါ့မလား၊ ဘယ်လိုအခက်အခဲတွေနဲ့ ပြဿနာတွေကိုရင်ဆိုင်ဖြေရှင်းရဦးမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်