Sparkle: A Unicorn Tale HD

Sparkle: A Unicorn Tale

Family Fantasy Adventure HD 2023-08-18 5 0 Min

ဒီဇာတ်လမ်းလေးကတော့ ဒဏ္ဍာရီလာသတ္တဝါတစ်မျိုးဖြစ်တဲ့ယူနီကွန်းလေးကို အကြောင်းပြုပြီးဇာတ်အိမ်တည်ထားတဲ့မိသားစု Drama Fantasyဇာတ်လမ်းလေးပါ….။မှော်အစွမ်းတွေရှိတဲ့ ယူနီကွန်းတွေဟာ သူရွေးချယ်ထားတဲ့လူကိုကူညီဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ သက်တံ့ပေါ်ကနေဆင်းလာပြီးဆုတောင်းတွေဖြည့်ဆည်းပေးလေ့ရှိပါတယ်တဲ့…။ဇာတ်လမ်းလေးထဲမှာတော့ အန်နာဘယ်လ်ဆိုတဲ့ ကလေးမလေးဟာသူငယ်ငယ်ကတည်းကမိခင်ဖြစ်သူဆုံးပါသွားပြီး ဖခင်ဖြစ်သူကလည်းစစ်ပွဲထဲပါသွားလို့ အဘိုးဖြစ်သူနဲ့သာအတူနေရသူလေးပါ…။ကံခေပြီး အဘိုးဖြစ်သူပါဆုံးပါးသွားတော့မျက်စိသူငယ်နားသူငယ်နဲ့တစ်ကောင်ကြွက်ဖြစ်သွားပါလေရော…။အဘိုးဖြစ်သူမရှိတဲ့နောက် အဘိုးရဲ့အိမ်ကိုဘဏ်ကသိမ်း၊ အန်နာဘယ်လ်လေးလည်းမိဘမဲ့ဂေဟာရောက်သွားရှာပါတယ်…ဒီအ‌ခြေအနေကိုမကြည့်ရက်တဲ့ ယူနီကွန်းလေးတစ်ကောင်ဟာအန်နာဘယ်လ်လေးရဲ့ဆုတောင်းတွေကိုဖြည့်ဆည်းပေးဖို့ရောက်လာပါတယ်….။အန်နာဘယ်လ်လေးရဲ့ဆုတောင်းကဘာတွေဖြစ်မလဲ…၊ယူနီကွန်းလေးကရောဘယ်လိုဆုတောင်းတွေဖြည့်ပေးမလဲဆိုတာကို စွန့်စားခန်းလေးတွေနဲ့ကြည့်ရှုရမယ့်ဇာတ်လမ်းလေးဖြစ်ပါတယ်…။