ဘတ်သ်တစ်ယောက် လူသူအလာကြဲလှတဲ့ သူ့ရဲ့လမ်းဘေးစားသောက်ဆိုင်လေးကို တစ်နေ့တာအတွက်စတင်ဖွင့်ချိန်မှာသူ့အတွက် သာမန်ပျင်းရိဖွယ်နေ့တစ်နေ့လို့ထင်ခဲ့မိပါတယ်။ ဒါပေမယ့်လည်း ဂျက်ခ်ဆိုတဲ့ ဒဏ်ရာရထားတဲ့ red flag တွေအပြည့်နဲ့လူချောလေးတစ်ယောက် ဆိုင်ထဲကိုဝင်လာချိန်မှာတော့ သူ့အထင်မှားသွားပြီဆိုတာ စသိလိုက်ရပါတယ်။ငနဲသားဟာ ထိတ်ထိတ်ပျာပျာရှိလွန်းတယ်၊ လက်ထဲမှာလည်း အကြွေစေ့တွေပဲပါတယ်။ ဘတ်သ်ကတော့ ဒါနပြုလိုက်တယ်လို့ သဘောထားပြီး သူ့ကိုမနက်စာကျွေးနေချိန်မှာ နောက်ထပ် လူရမ်းကားပုံစံနဲ့လူသုံးယောက်ဆိုင်ထဲထပ်ဝင်လာပါတယ်။ သူတို့အုပ်စုခေါင်းဆောင်ကလည်း လူချောတစ်ယောက်ပါပဲ။အဲ့ဒီအချိန်မှာ ဂျက်ခ်တစ်ယောက် စားပွဲမှာထိုင်နေရာကနေပျောက်သွားပြီး တစ်နေရာမှာ ဝင်ပုန်းနေတဲ့အချိန်မှာ ဘတ်သ် တစ်စုံတစ်ခုကိုသတိထားမိလိုက်ပါတော့တယ်။ အဲ့ဒါကတော့ ပထမကောင်လေး ဂျက်ခ်နောက်ကိုဒီလူရမ်းကားသုံးယောက်က အကြောင်းတစ်စုံတစ်ရာအတွက် လိုက်အန္တရာယ်ပေးနေတယ်ဆိုတာပါပဲ။ ဒီနေ့တစ်နေ့တာဟာ သူ့အတွက် ဘယ်လိုမှပျင်းစရာမကောင်းတော့ဘူးဆိုတာ သေချာသွားပါပြီ။အခုချိန်မှာသိပ်မတွေ့ရတော့တဲ့ psychological thriller ကားကောင်းတစ်ကားဖြစ်ပြီးအစကနေအဆုံးအထိ လှည့်ကွက်တွေအပြည့်နဲ့ဆွဲခေါ်သွားပါလိမ့်မယ်။Josh Lucas , Radha Mitchell နဲ့ Barry Watson တို့လိုဝါရင့်သရုပ်ဆောင်ကြီးတွေရဲ့ နုစဉ်ဘဝကိုလတ်လတ်ဆတ်ဆတ်မြင်ရမှာဖြစ်ပါတယ်။ ပရိသတ်တွေလက်လွတ်မသင့်တဲ့ဇာတ်ကားပါ။