Pet Sematary: Bloodlines 4K

Pet Sematary: Bloodlines

Fantasy Horror 4K Movies 4K 2023-09-23 6.4 87 Min

လဒ်လိုမြို့မှာ ဖုန်းဆိုးမြေလို့ ခေါ်ရမဲ့ နေရာတစ်ခုရှိတယ်။အရင်ကတော့ မျိုးနွယ်စုတွေဟာ တိရစ္ဆာန်တွေကိုမြှပ်နှံပြီး တိရစ္ဆာန်ဝိညာဉ်တွေဟာလူတွေကို မကောင်းဆိုးဝါးလက်ကနေ ကာကွယ်ပေးတယ်လို့ယုံကြည်ကြပါတယ်။ဒါပေမဲ့ အဲဒီမြေက ပုတ်သိုးသွားပြီး သီးနှံတွေလည်းသေဆုံးလာသလိုမကောင်းဆိုးဝါး အားကောင်းလာတဲ့အခါ စွန့်ခွာပြီး ပြေးခဲ့ကြပါတော့တယ်။နှောင်းလူတွေ အဲဒီ သင်္ချိုင်းမြေကိုဆက်မသုံးမိအောင်လည်း သတိပေးထားကြပါတယ်။ဒါပေမဲ့ အဲဒီမြေရဲ့ မကောင်းဆိုးဝါးက သူစည်းရုံးရမဲ့ ပစ်မှတ်တွေကို ရှာနေဆဲပါပဲ။ချစ်ရတဲ့လူတွေ တိရစ္ဆာန်တွေသေဆုံးသွားတဲ့အခါသူတို့တွေကိုလက်မလွှတ်နိုင်သေးတဲ့လူတွေကို တီးတိုးခေါ်ပြီး သင်္ချိုင်းမြေမှာလာမြှပ်အောင် ပြန်ရှင်လာအောင် ဆွဲဆောင်နေပါတယ်။ပြန်ရှင်လာတဲ့ လူတွေ အကောင်တွေကမသေခင်ကအတိုင်းမဟုတ်တော့ပါဘူး။ရက်စက်တဲ့မကောင်းဆိုးဝါးတွေတဖြည်းဖြည်းဖြစ်လာတာပါ။အဲဒီအရာတွေနဲ့ မြို့ခံတွေနဲ့ ရင်ဆိုင်ကြရပုံတွေကို ပြသထားတာပဲဖြစ်ပါတယ်။ စတီဖင်ကင်းရဲ့ဇာတ်လမ်းတွေကိုအခြေခံရိုက်ကူးထားတဲ့နာမည်ကြီးရုပ်ရှင်တွေကိုလည်း ချန်နယ်မြန်မာမှာ တင်ပေးထားပါတယ်။မကြည့်ရသေးတာတွေပါရင်လည်း ကြည့်ကြည့်လိုက်ပါ။