Horror ကားတွေ Thriller ကားတွေ ကြိုက်နှစ်သက်သူတွေအတွက်The Autopsy of Jane Doe ဇာတ်ကားကတစိမ့်စိမ့်ကြည့်ရင်းကြောက်ဖို့ကောင်းတဲ့ခံစားချက်တွေကိုရရှိစေမယ့်ဇာတ်ကားပါသေမှုသေခင်းနဲ့အလောင်းတွေကို ရင်ခွဲစစ်ဆေးပြီးသေရတဲ့အကြောင်းအရင်းကိုဖော်ထုတ်ပေးရတဲ့ရင်ခွဲရုံက သားအဖနှစ်ယောက်ဆီကို ဘယ်သူဘယ်ဝါဆိုတာမသိရတဲ့ပိုင်ရှင်မဲ့အမျိုးသမီးအလာင်းတစ်ခုရောက်လာပါတယ်အဲ့အမျိုးသမီးဟာ သေစေနိုင်လောက်တဲ့ပြင်ပဒဏ်ရာကြီးကြီးမားမားမရှိဘဲ သေဆုံးနေတာဖြစ်ပါတယ်သူသေဆုံးရခြင်းအကြောင်းအရင်းကိုလိုက်ရှာရင်း ရှာရင်းနဲ့သူတို့နှစ်ယောက်ကြုံတွေ့သိရှိလိုက်ရတဲ့အရာတွေကတော့… အဲ့ဒီအမျိုးသမီးရဲ့ သေဆုံးရတဲ့အကြောင်းအရင်းကိုပဲ အဖြေရှာနိုင်မလားအဲ့အမျိုးသမီး မသေခင်ဘာတွေဖြစ်ခဲ့လဲဆိုတာကိုအဖြေရှာနိုင်မလား မရှာနိုင်ဘူးလားဆိုတာကိုတော့ ……။