ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်တော့ ဒီဇာတ်ကားရဲ့ အဓိဇာတ်လိုက်ရွှန်း ဟာ ပင်လယ်ကမ်းခြေမြို့လေးမှာနေထိုင်ပါတယ်။ ပင်လယ်ကမ်းခြေမြို့ဖြစ်တဲ့အလျှောက် လူတိုင်းနီးပါးက လှိုင်းစီး (surfing )ကြတယ်ပေါ့လေ။ရွှန်းနဲ့ သူ့သူငယ်ချင်းတွေကလည်းဒီလိုပါပဲ ပင်လယ်ပျော်လေးတွေပေါ့။သူတို့အဖေတွေကလည်း သူတို့လိုသူငယ်ချင်းအရင်းကြီးတွေဖြစ်ပြီးငယ်ငယ်ကလည်း ရွန်းတို့သူငယ်ချင်းအုပ်စုလို လှိုင်းစီးရင်းပျော်ပါးခဲ့ကြခဲ့လူတွေပါပဲ။ဒါပေမယ့် စိတ်မကောင်းစရာကတော့ ရွှန်းရဲ့အဖေဟာရွှန်းအသက်ငယ်ငယ်လေးကတည်းက အသတ်ခံလိုက်ရတာပါပဲ။ ငယ်ဘဝစိတ်ဒဏ်ရာတွေရှိခဲ့တော့သူကလမ်းမှားရောက်သွားခဲ့ဖူးပါတယ်။ ဆေးရောင်းဆေးဝယ်ဆေးကိစ္စတွေလုပ်ခဲ့ဖူးတာမျိုးပေါ့။ဒါပေမယ့်သူအရမ်းချစ်ရတဲ့ ကောင်မလေး ကေတီကြောင့် အဲ့လိုကိစ္စတွေကိုမလုပ်တော့ပဲကင်းကင်းနေပါပြီဆိုကာမှ ရစ်ခ်ဆိုတဲ့ ဘော်ဒါဟောင်းတစ်ကောင်က သူအကြွေးဆပ်စရာတွေရှိလို့ ကူညီပါလားဆိုပြီးရွှန်းကိုအကူအညီတောင်းပါတော့တယ်။ ဒီကိစ္စကိုအတူတူလုပ်မယ့် ပိ့ထ်ဆိုတဲ့လူကလည်း သူ့ရဲ့ မွေးစားဖခင်လိုဖြစ်နေတဲ့အတွက်နောက်ဆုံးတစ်ခေါက်တော့ကူညီလိုက်မယ်ဆိုပြီး ဆေးတွေခိုးပေးရာကနေ…..ဘယ်လိုတွေဖြစ်ကုန်မလဲ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကတော့ ဇာတ်ကားထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။