တိုက်ခိုက်ခန်းတွေနဲ့ ဇာတ်လမ်းပုံစံခပ်ကြမ်းကြမ်းမှ ကြိုက်တဲ့သူတွေအတွက် “Sniper G.R.I.T” ဆိုတဲ့ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဉ်းကတောအယ်ရာဂွန်လို့ခေါ်တဲ့ဘာသာရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဟာ ကမ္ဘာတစ်ဝှမ်းရဲ့ငြိမ်းချမ်းမှုနဲ့ဘေးကင်းရေးကို ထိပါးလာတဲ့အတွက် G.R.I.T ဆိုတဲ့ကမ္ဘာလုံးဆိုင်ရာအန္တရာယ်တုံ့ပြန်ရေးနဲ့ ထောက်လှမ်းရေးအဖွဲ့ကနေပြီးသူတို့ရဲ့အတော်ဆုံးအေးဂျင့်ဖြစ်တဲ့ ယူကီ(Lady Death) ကိုအယ်ရာဂွန်ရဲ့ခေါင်းဆောင် ဘူဘလိုကိုရှင်းလင်းသုတ်သင်ဖို့အတွက် လွှတ်လိုက်ပါတယ်ဒါပေမယ့်နောက်ပိုင်း ယူကီနဲ့အဆက်အသွယ်ပြတ်သွားပြီး သေသလားရှင်သလား မသိရတော့တဲ့အတွက် ယူကီကိုကယ်တင်ဖို့နဲ့ အယ်ရာဂွန်ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေကို ရှင်းလင်းဖို့အတွက် G.R.I.T ကနေပြီး အေးဂျင့်နှစ်ယောက်ဖြစ်တဲ့ ဘရန်ဒန်နဲ့ ဇီးရိုးကို ထပ်ပြီးစေလွှတ်လိုက်ပါတယ်သူတို့တွေယူကီကို ဘယ်လိုမျိုး ကယ်ထုတ်သွားကြမလဲ၊အကြမ်းဖက်အဖွဲ့ရဲ့ ခေါင်းဆောင်ပိုင်းတွေကို ဘယ်လိုမျိုး အပြတ်ရှင်းသွားကြမလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်လို့ အားပေးကြပါဦးနော်