Scarlet Witch နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ မမ Elizabeth Olsen ရဲ့ 2011 တုန်းကထွက်ခဲ့တဲ့ သည်းထိပ်ရင်ဖို ရုပ်ရှင်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဆာရာ နဲ့ သူ့အဖေဟာ သူတို့အရင်ကနေခဲ့တဲ့ အိမ်အဟောင်းကြီးကိုရောင်းပစ်ဖို့အတွက် ပစ္စည်းတွေသိမ်းဆည်းနေခဲ့ပြီး ဦးလေးဖြစ်သူ ပီတာကလည်းအိမ်ကိုရောင်းဖို့အသင့်ဖြစ်အောင် ကူညီပေးနေခဲ့ပါတယ်။ သူတို့ရောက်လာကြပြီးသုံးရက်အကြာမှာတော့ အိမ်ထဲက ကြွက်ကိုက်သွားလို့ လျှပ်စစ်မီးပြတ်တောက်နေတာကို ပြင်ဖို့ပီတာက လျှပ်စစ်သမားကိုသွားခေါ်တဲ့အချိန်မှာ ဆာရာလည်း အိမ်အပေါ်ထပ်ကနေအသံတစ်သံကြားလိုက်ရတာပါတယ်၊ သိပ်မကြာခင်မှာပဲ ဆာရာရဲ့ အဖေ ဖြစ်သူတိုက်ခိုက်ခံခဲ့ရပြီး ဆာရာလည်း အသက်ရှင်ဖို့အတွက်ကြိုးစားရပါတော့တယ်။ ဆာရာတို့အိမ်ထဲမှာ အမှန်တကယ်လူတွေရှိနေတာလား၊ ထူးဆန်းတဲ့ဖြစ်ရပ်တွေကြောင့်လား၊ ဆာရာရောလွတ်မြောက်နိုင်မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။