Jason Bourne HD

Jason Bourne

Action Drama Thriller Mystery HD 2016-07-27 6.329 123 Min

Jason Bourne ဇာတ်ကားတွေဟာ ကျွန်တော်တို့လို ယောင်္ကျားလေးပရိသတ်တွေအတွက်တော့ James Bond ထက်တောင်ပိုမိုနှစ်သက်တဲ့ ဇာတ်ကောင်ဖြစ်လာခဲ့တယ်။ ဘာကြောင့်လဲလို့ဆိုတော့တိကျတဲ့အဖြေတစ်ခုက တစ်ခြား Action ဇာတ်ကားတွေနဲ့မတူတဲ့ Action ခန်းတွေကို တင်ပြပုံဆန်းသစ်လို့ပဲ။ Die Hard ဇာတ်ကားတွေကို စိန်ခေါ်ခဲ့တဲ့ 21 ရာစုရဲ့အကောင်းဆုံးသော Actionဇာတ်ကား Franchise အဖြစ် နာမည်တပ်ခြင်းခံခဲ့ရတယ်။ကျွန်တော်လို့Jason Bourne အမာခံပရိသတ်တိုင်း ယခု Jason Bourne (2016) ဇာတ်ကားကို သွားကြည့်ကြတဲ့ ရည်ရွယ်ချက်တစ်ခုကတော့ Jason Bourne ဒီလောကကြီးထဲကိုဘာကြောင့်ပြန်ဝင်လာတာလဲဆိုတဲ့ အကြောင်းပြချက်ကို သိချင်လို့ပဲ။ ဒါပေမဲ့ ဇာတ်လမ်းပြီးဆုံးသွားတဲ့အခါမှာတော့ ထိုအကြောင်းပြချက်ကို ခိုင်မာစွာ မတွေ့ခဲ့ရဘူး။ အတိတ်က မိသားစုဝင်တစ်ယောက်ကိုဇာတ်လမ်းရဲ့ရည်ရွယ်ချက်တစ်ခုအဖြစ် ထည့်ထားလိုက်ပြီး ဇာတ်ကားကို အလွယ်တကူ ဖန်တီးလိုက်တယ်လို့ပဲ ခံစားလိုက်ရတယ်။