The Bourne Identity HD

The Bourne Identity

Action Drama Thriller Mystery HD 2002-06-14 7.463 119 Min

မြေထဲပင်လယ်ထဲမှာ သတိမေ့မျောပါနေတဲ့ လူတစ်ယောက်ကို တံငါလှေတစ်စီးက ကယ်တင်လိုက်ရကနေ Jason Bourne ဇာတ်လမ်းကို ပဟေဠိများဖြင့် စတင်ဖွင့်လှစ်လာခဲ့သည်သတိပြန်ရသည့်တိုင်အောင် သူ့ကိုယ်သူ ဘယ်သူမှန်း မသိ ။ဘယ်ကလာမှန်းလည်း မသိ။ကျောမှာ သေနတ်ကျည်ဆန်နှစ်ခုက ထိုးဝင်လျက်သား။နောက် တင်ပါးမှာ ဘဏ်နံပါတ်တစ်ခု ။သူကဘယ်သူပါလဲအဲဒီနံပါတ်ကလေးက သူ့ဘဝ ဖြစ်တည်ရာကို ပြန်လည်ရှာဖွေရာကနေ အသည်းထိတ်ရှု ပ်ထွေးဖွယ် ဇာတ်အိမ်ကြီးတစ်ခုကို ကျွန်တော်တို့အားလုံး ရင်မမဖြင့်စကြည့်ရတော့သည်။သူနှင့်အတူတစ်ဖြည်းဖြည်းသိရှိလာရသော အချက်အလက်များအရ သူက ထိပ်တန်း အေ့ဂျင့်တစ်ယောက်။အမေရိကန် CIA ဌာနက တရားမဝင် နှိမ်နင်ရေးလုပ်ငန်းတွေလုပ်ဖို့ဖွဲ့စည်းထားသည့် ထရက်စတုန်းစီမံကိန်းထဲက အဓိကကျသည့် လူတစ်ယောက်ဆိုတာ သိလာခဲ့ရသည်။ထို့အပြင် ယင်းအဖွဲ့၏ တရားမျှတမှု မရှိသော သတ်ဖြတ်လုပ်ကြံခြင်း လုပ်ငန်းများအား လုပ်ကိုင်လိုစိတ် မရှိတော့၍ထွက်ခွာလာခဲ့သည့် လူတစ်ယောက်ဖြစ်တယ်ဆိုတာကို သိရှိလာသည့်အခါမှာ ။ထိုအဖွဲ့အစည်း၏ ခေါင်းဆောင်များ၏ နှု တ်ပိတ်ခြင်းကို တန်ပြန်ခုခံရဖို့ အကြောင်းဖန်လာရတော့သည်။သူတို့အနေဖြင့်သူတို့ကိုယ်တိုင် စိတ်တိုင်းကျ ဖန်တီးပုံသွင်းခဲ့သော Bourneအား နှိမ်နင်းသတ်ဖြတ်ဖို့ရာ လုံးဝမလွယ်ကူလှပါ။Bourneထံတွင် ရောက်ရှိနေသည့် အချိန်ကာလနေရာမရွေး အံဝင်ဂွင်ကျပြောင်းလဲလှုပ်ရှားနိုင်သည့် အရည်အချင်းပေါင်းများစွာကို ပိုင်ဆိုင်ထားသည်။အထူးသဖြင့် သူတို့အားလုံး၏ အကြံအစည်များကို နောကြေအောင် သိရှိနေခြင်းကပင် တစ်လှမ်းသာနေသည်။CIAလိုမျိုးကမ္ဘာအနှံ့အပြား ချိတ်ဆက်ထားသည့်နည်းပညာကွန်ယက်ကြားတွင် Bourne တစ်ယောက် လွတ်အောင် ရုန်းထွက်ဖို့ရာ မလွယ်ကူလှပါ။CIAကလည်း Bourne၏တည်နေရာအားချက်ချင်းသိလိုက်တာနှင့် ကြေးစားတွေအား သတ်ဖြတ်ဖို့ လွှတ်လိုက်တာချည်းဖြစ်သည်။Bourneထံတွင် အနီးနားမှာ စာအုပ်ထူထူ တစ်အုပ်ဖြစ်ဖြစ် ဘော့ပင်တစ်ချောင်းပဲဖြစ်ဖြစ် ရှိနေပါက ထိုအရာအားအသုံးပြုပြီး တစ်ဖက်ရန်သူအား အနိုင်ယူတိုက်ခိုက်နိုင်သည့် တိုက်ခိုက်ရေးပညာတွေရှိသည်။ဘာသာစကားမြောက်မြားစွာပြောဆိုနိုင်သည်။သူမကိုင်တတ် မသုံးစွဲတတ်သော ယာဉ်၊လက်နက်အီလက်ထရောနစ်ပစ္စည်းမရှိသလောက်ပင်။အားလုံးကို ရင်းနှီးကျွမ်းဝင်နေသည်။ကြောင်တစ်ကောင်လို လျင်မြန်သော အဟုန်မျိုးဖြင့် သုံးမိုင်လောက်အား မနားတမ်းပြေးနိုင်သည်စက္ကန့်ပိုင်းလောက်ဝေ့ကြည့်လိုက်တာနှင့် ကားသုံးစီ၏ နံပါတ်များအား ချက်ချင်းအလွတ်ပြောနိုင်သည်။လူတစ်ယောက်ကိုဖျတ်ခနဲကြည့်လိုက်ရုံဖြင့် ဘယ်သန်လား ညာသန်လား သိနိုင်သည့် လေ့ကျင့်မှုစွမ်းရည်တွေ ပိုင်ဆိုင်ထားသည်။ထိုအရည်အသွေးများအား အသုံးပြု၍သာ အင်အားကြီးမားလှသော ရန်သူတွေလက်အောက်ကနေ ရုန်းထွက်ရလေသည်။အသက်လုပြေးရလေသည်။ဒဏ်ရာဗလပွဖြင့်နာကျင်ရလေသည်။JasonBourne ဇာတ်ကားသုံးပိုင်းလုံးသည် ထရက်စတုန်းအဖွဲ့ကြီးနှင့် Bourneတို့ အပြန်ပြန်အလှန်လှန် ဉာဏ်ကစားပုံ ။အသက်လုထွက်ပြေးတိုက်ခိုက်ရသည့် ဇာတ်ဝင်ခဏ်းများဖြင့် ဒရစပ်တည်ဆောက်ထားသည်။(2012မှာ ထရက်စတုန်းစံမံကိန်းထဲက အခြားအေ့ဂျင်တစ်ယောက်ဇာတ်အိမ်ဖြင့် မင်းသား ဂျေမီရမ်နာအား ထည့်သွင်းကာ The Bourne Legacy အမည်ဖြင့်ရိုက်ကူးသေးသည်။Matt Damon၏ Bourneကားများကို လိုက်မမီခဲ့ချေ )။ထရက်စတုန်းစီမံကိန်းက ခေါင်းဆောင်တွေကလည်း Bourneလိုလူမျိုးကိုတောင် ဖန်တီးနိုင်ခဲ့သူများပီပီတကယ့်ဉာဏ်နီဉာဏ်နီသမားတွေဖြစ်ကြပြီး နည်းပညာအထောက်အကူများဖြင့် Bourneရှိရာနောက်ကို ထပ်ကြပ်မကွာ ရှာဖွေခဲ့သည်။Bourne ကိုယ်တိုင် ချစ်သူအသစ်နှင့် ဘဝသစ်တစ်ခုအားတည်ဆောက်ဖို့ ကြို းစားခဲ့သော်လည်း အတိတ်ဟောင်းက ကိစ္စရပ်များအောက်က ရုန်းထွက်ခွင့် မသာခဲ့ချေ ။သူသာ ကြေကွဲခဲ့ရတော့သည်။ထိုအခါမှာ ကျေအေးပြီးသား အတိတ်အိပ်မက်ဆိုးတွေအားအပြီးသုတ်သင်ဖို့ ဆုံးဖြတ်ပစ်ခဲ့တော့သည်။The Bourne Identity(2002)| The Bourne Supremacy (2004)| The Bourne Ultimatum (2007) အပိုင်းသုံးပိုင်းသည် အေ့ဂျင့်Bourne၏ အတိတ်ကို ပြန်လည်စုံစမ်းပုံ |လာရောက်လုပ်ကြံသူများအား ပြန်လည်တိုက်ခိုက်ပုံ။ချစ်သူနှင့်ဘဝတစ်ခုဖန်တီးဖို့အားပြု ချိန်မှာ ထပ်မံပြီး လုပ်ကြံခံရပုံ။ထို့နောက်တွင် ထိုအဖွဲ့ကြီးအားပြန်လည်တုံ့ပြန်ပြီး Bourneတစ်ယောက် ပျောက်ကွယ် သွားပုံတို့ဖြင့် အဆုံးသတ်ခဲ့သည်။ဆိုရလျှင် Bourne၏ ဘဝသမိုင်း နိဂုံးကမ္ပတ်အဆုံးသတ်ပြီဟု ထင်မှတ်ခဲ့မိသည်။သို့ရာတွင်မူ Bourneသည်တစ်ဖန်ပြန်လာခဲ့ပါသည်။2016တွင် ရုံတင်လာခဲ့သော Jason Bourne ဇာတ်ကားတွင်မူBourneသည် ဘဝသစ်တွင် အသားကျစပြုပြီ။အတိတ်ဆိုးမဟူရာညနက်တွေအား မှတ်မိနေပြီဖြစ်သော်လည်း အဲဒီကို ပြန်မသွားတော့ ။နှစ်ကာလတွေပင် မနည်းကြာခဲ့ပြီ။သို့ဖြစ်စေကာမူပြန်လည်ထိတွေ့ရန် ကြမ္မာကံက ဖန်လာပြန်သည်။သူ့ကို အရေးတကြီးတွေ့လိုတဲ့ မိတ်ဆွေဟောင်းတစ်ယောက်ပေါက်လာပြန်သည်။လွန်လေပြီးခဲ့သောကာလများက အကျွမ်းတဝင် ပတ်သက်ခဲ့ဖူးသည့်သူတို့နယ်ပယ်ထဲက ဘဝတူ မိန်းခလေး Nicky Parsons ဖြစ်သည်။သူမယူဆောင်လာသည့်သတင်းက သူ၏အတိတ်နှင့်သက်ဆိုင်သော မြှု ပ်ကွက်သတင်းတစ်ခု ဖြစ်သည်။ခိုးယူလာခဲ့သောသတင်းဖြစ်သောကြောင့်ပင် သူမနောက်ကိုလည်း CIA နောက်တော်သားများက သုတ်သင်ပစ်ဖို့ လိုက်လာကြလေပြီ။ထို့နောက်မှာ Bourne နှင့် သူတို့ပြန်လည်ဆုံတွေ့ကြသောအခါ ။ရုပ်ရှင်ပိတ်ကားပေါ်မှာသာ ဆက်လက်ကြည့်ရှုဖို့တိုက်တွန်းလိုပါသည်။ထွက်ရှိလာသောဝေဖန်ချက်များအရ ယခုရုပ်ရှင်သည်အရင်ထွက်ရှိပြီးသား ဇာတ်ကားတွေကို လိုက်မမီဟု ဝေဖန်ကြပါသည်။မည်သို့ပင်ဖြစ်ပါစေ အချိန်ယူ ကျကျနနပြင်ဆင်ပြီး ရိုက်ကူးထားသော ဇာတ်ကွက်များအရကြည့်ရှုရန် ထိုက်တန်သည့် ရုပ်ရှင်ကားတစ်ကားဆိုသည်ကတော့ အခိုင်အမာ ပြောလိုပါသည်။နောက်ထပ် Bourneတွေ ထပ်ထွက်လာဦးမလား ဆိုတာတော့ ။