သဘာဝလွန် စိတ်နယ်လွန် ပဟေဠိဆန်ဆန်စွမ်းအားတွေရော၊ FBI က ကွင်းဆက်လူသတ်မှုအတွက် အမှုလိုက်တာရော ပေါင်းစပ်ထားတဲ့ ရုပ်ရှင်မို့ သဘာဝလွန်စုံထောက်ကားအဖြစ်နဲ့ ဇာတ်အိမ်ဆန်းဆန်းပြားပြား တည်ထားတဲ့ရုပ်ရှင်ပါ။ ဂျွန်ကလန်စီဆိုတဲ့လူရှိတယ်။ သူက လူတစ်ယောက်ကို ထိတွေ့လိုက်တာနဲ့ အဲဒီလူရဲ့အတိတ်ကိုရော အနာဂတ်ကိုပါ မြင်နိုင်တယ်။ ဒါပေမဲ့ သူက သမီးဖြစ်သူကို ဆုံးရှုံးလိုက်ရပြီးနောက် အလုပ်ကိုရော ဘ၀ကြီးကိုရော အရာရာ လက်လျှော့ပြီး မြို့ပြင်မှာ ပြောင်းနေနေတယ်။ ဒီလိုနဲ့ အေးအေးဆေးဆေးနေနေတဲ့ သူ့ဆီ သူ့သူငယ်ချင်းဟောင်း ဂျိုးနဲ့ ကက်သရင်းတို့ရောက်လာတယ်။ ပိရိလွန်းလို့ ဘယ်လိုမှ ဖော်ထုတ်လို့မရတဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်ကို ဖမ်းဖို့ အကူအညီလာတောင်းတယ်ပေါ့။ဆန်းတာက တစ်ဖက်မှာလည်း အဲဒီ ကွင်းဆက်လူသတ်သမားကလည်း ဂျွန်လိုမျိုး အနာဂတ်ကိုကြိုမြင်နိုင်စွမ်းရှိနေတယ်။ အနာဂတ်ကို ကြိုမြင်နိုင်တဲ့နှစ်ယောက်ရဲ့ ဉာဏ်ကစားမယ့်ပွဲပေါ့။ ဒီလူက ဒီလိုအစွမ်းမျိုးပိုင်ထားပြီး ဘာလို့ လူတွေကို သတ်နေရတာလဲ… အနာဂတ်ကိုကြိုမြင်နိုင်တဲ့သူနှစ်ယောက်ကြား ဘယ်လိုတွေဉာဏ်ကစားကြမလဲ… ဘယ်လိုတွေ အမှုကိုစုံစမ်းကြမလဲ… ဆိုတာတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ကားကောင်းတစ်ကားဆို မမှားပါဘူး။