လျှို့ဝှက်ဆန်းကြယ်မှုတွေ၊ ထူးဆန်းမှုတွေနဲ့ သည်းထိတ်ရင်ဖိုကြည့်ရှုရမယ့် “Island Escape” ဆိုတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်ဂရန်းမာနန်ကျွန်းပေါ်က သုတေသနစခန်းတစ်ခုမှာ မတော်တဆမှုဖြစ်ပွားပြီးတဲ့နောက် သုတေသနအဖွဲ့ထဲမှာပါဝင်တဲ့စီအီးအိုရဲ့သမီးဖြစ်သူကို ကယ်ဆယ်ရေးလုပ်ဖို့အတွက် ကြေးစားအဖွဲ့တစ်ဖွဲ့ရောက်လာခဲ့ပါတယ် ထိုကြေးစားအဖွဲ့ဟာကျွန်းပေါ်ကိုရောက်ရှိလာတဲ့အချိန် အလောင်းတွေအများကြီးကို တွေ့ရှိခဲ့ရပြီး ဒီကျွန်းပေါ်မှာနားမလည်နိုင်တဲ့ဖြစ်ရပ်တွေနဲ့အန္တရာယ်တွေရှိနေတာကို သိလိုက်ရပါတယ် တကယ်တမ်းတော့ ဒီကျွန်းပေါ်မှာသုံးရက်တစ်ခါ အချိန်ကိုပြန်လည်သတ်မှတ်ပြီးဖြစ်ရပ်တွေထပ်ခါထပ်ခါပြန်ဖြစ်တဲ့ warmhole ကြီးရှိနေတာဖြစ်ပြီးတော့ ဒီကြေးစားအဖွဲ့ဝင်တွေ ကျွန်းပေါ်ကိုရောက်လာတာဟာဒါကပထမဆုံးအကြိမ် မဟုတ်ခဲ့ပါဘူး ဟိုးရှေ့အရင်ကလည်း ဒီကျွန်းပေါ်ကိုရောက်လာခဲ့ဖူးပြီး သူတို့ရဲ့အရင်ဗားရှင်းကိုယ်ပွားတွေကမကောင်းဆိုးဝါးလိုမျိုး ပြောင်းသွားခဲ့တာပါဒီငရဲလိုမျိုးကျွန်းပေါ်ကနေ သူတို့အဖွဲ့ဘယ်လို အသက်ရှင်လျက်ထွက်သွားနိုင်အောင်ကြိုးစားကြမလဲဆိုတာကိုအသည်းတယားယားကြည့်ရှုရမယ့် သိပ္ပံကားလေးဖြစ်လို့ အားပေးကြပါဦးနော်