White Noise 2: The Light HD

White Noise 2: The Light

Fantasy Horror Thriller HD 2007-01-05 5.488 99 Min

ဗိသုကာတစ်ယောက်ဖြစ်တဲ့ ဂျိုနာသန်ရေးဗားဟာ ဇနီးသည်စာရေးဆရာဖြစ်တဲ့ အန်နာနဲ့အတူအရင်အိမ်ထောင်ကရတဲ့ သားကိုအလှည့်ကျအုပ်ထိန်းရင်းသာယာတဲ့အိမ်ထောင်တစ်ခုကိုပိုင်ဆိုင်ပါတယ်။မနက်ခင်းတစ်ခုမှာတော့ အန်နာက သူကိုယ်ဝန်ရှိနေပြီ ဆိုတဲ့အကြောင်း ဖွင့်ပြောခဲ့တဲ့အတွက် ဂျိုနာသန်တစ်ယောက်ပျော်ရွှင်လို့မဝသေးခင်မှာပဲ အန်နာဟာသူ့ သူငယ်ချင်းဆီကအိမ်အပြန်လမ်းမှာ ပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်။ အန်နာပြန်လာနေတဲ့လမ်းမှာရပ်ထားတဲ့ သူ့ကား၊ဖိနပ် အစရှိတာတွေကိုရဲတွေရှာတွေ့ခဲ့ပေမယ့် အန်နာ့ကိုတော့ အစအနရှာမရပါဘူး။ အဲ့ဒီအချိန်မှာသူ့ကို ရေမွန်ပရိုက်စ်ဆိုတဲ့လူတစ်ယောက် သူ့ဆီရောက်လာခဲ့ပြီး အန်နာဟာ သေဆုံးသွားခဲ့ပြီဖြစ်တဲ့အကြောင်းနဲ့ သူ့ဆီကိုဆက်သွယ်လာကြောင်းပြောပြလာပါတယ်။ သူ့ဇနီးသည်သေဆုံးပြီဆိုတာကိုလက်မခံနိုင်တဲ့ဂျိုနာသန်က ခါးခါးသီးသီးငြင်းဆန်ခဲ့ပေမယ့် မကြာခင်မှာ အန်နာ့အလောင်းကိုရှာတွေ့သွားခဲ့တဲ့နောက်၊ ဒါ့အပြင် သူကိုယ်တိုင်ဆီကိုပါ သေဆုံးသူဇနီးသည်အန်နာဆီက ဖုန်းတွေဝင်လာ အသံတွေ ကြားလာတဲ့နောက်မှာတော့ ပဟေဠိဖြစ်နေတဲ့ အန်နာ့သေဆုံးမှုကိုအဖြေသိချင်တဲ့၊ သူ့ဇနီးသည်ကိုနောက်ဆုံးအဖြစ်မြင်လိုတဲ့ စိတ်တွေနဲ့ အန်နာကိုအဆက်အသွယ်ရဖို့ကြိုးစားပါတော့တယ်။ ဒါပေမယ့် တစ်ဖက်လောကမှာ ကိုယ်ဆက်သွယ်ချင်တဲ့သူ၊ကိုယ်ချစ်ခင်ရတဲ့သူတွေသာမဟုတ်ပဲ ရန်လိုတဲ့ကြောက်မက်ဖွယ်ဝိဉာဉ်တွေလည်းရှိနေသေးတယ်ဆိုတာကို ဂျိုနာသန်မေ့လျော့နေခဲ့ပါတယ်။ မကြာသေးခင်ကမှ The Flash မှာ Bruce Wayne အဖြစ်ပြန်လည်တွေ့ခဲ့ရတဲ့ Batman မင်းသားဟောင်းကြီး Michael Keaton ခေါင်းဆောင်ပါဝင်တဲ့ ဒီဇာတ်ကားဟာ တစ်ချိန်ကနာမည်ကျော်ခဲ့တဲ့ Horror တစ်ကားဖြစ်ပြီး genre audience တွေလက်မလွတ်သင့်တဲ့ကားဟောင်းကားကောင်းတစ်ကားဖြစ်ပါတယ်။