Reinventing Elvis: The 68' Comeback HD

Reinventing Elvis: The 68' Comeback

Documentary Music HD 2023-07-30 9 110 Min

Elvis Presley ဆိုတာနဲ့ King of Rock and Roll ကြီးပဲလို့ တန်းမြင်မိကြမှာပါ။ 1950 ဝန်းကျင်ကာလတွေရဲ့ Best seller American Artistတစ်ယောက်ဖြစ်တဲ့အပြင် အောင်မြင်ကျော်ကြားတဲ့ ရုပ်ရှင်ပေါင်းများစွာကိုလည်း ရိုက်ကူးခဲ့ပါသေးတယ်။ ဒါပေမဲ့ အမေရိကန်သမိုင်းရဲ့ 1960ခုနှစ်ကာလတွေကတော့ အဆိုးရွားဆုံး ကပ်ဆိုက်ခဲ့တဲ့ကာလတွေလို့ ဆိုရလိမ့်မယ်။ Robert F. Kennedy, Martin Luther King အစရှိတဲ့နာမည်ကျော်ပုဂ္ဂိုလ်တွေ လုပ်ကြံခံရတဲ့သတင်းတွေကြောင့်လည်း အမေရိကန်ရဲ့ သမိုင်းကို အကျည်းတန်ဆုံးဖြစ်စေခဲ့တဲ့ ကာလတွေပါ။ ဖြစ်ချင်တော့အဲဒီ 1968 ခုနှစ်က Elvis အတွက် Special Comeback Show ကို စီစဉ်နေတဲ့ အချိန်ပါပဲ။စစ်ထဲဝင်ပြီး အနုပညာလောကကနေ နှစ်ချီကွယ်ပျောက်သွားပြီးတဲ့နောက်ပရိသတ်မြင်ကွင်းပေါ်ကို ပြန်လည်ထွက်ပေါ်လာမဲ့ Elvis အတွက် စိတ်ထိခိုက်စရာသတင်းတွေကပဲ စောင့်ကြိုလို့နေခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ အနုပညာအရည်အချင်းတွေကို ချိုးနှိမ်ထားတဲ့ မန်နေဂျာဖြစ်သူ Colonel TomParker ကြောင့်လည်း ခေတ်ပြိုင်ပေါ်လာတဲ့ The Beatles အဖွဲ့နဲ့ နှိုင်းယှဉ်ခံရမှုတွေက ဒုနဲ့ဒေးပါ။ ပြောရရင် ဒီ Elvis’s 1968 Comeback Special ကအခုလိုကမောက်ကမတွေဖြစ်နေတဲ့ သူ့ရဲ့ အနုပညာဘဝကို တစ်ဆစ်ချိုးထပ်မံပြောင်းလဲသွားစေခဲ့တဲ့ TV show တစ်ခုပါပဲ။လူငယ်ပရိုဂျူဆာဒါရိုက်တာ Steve Binder နဲ့ Elvis တို့ရဲ့ အတွဲညီညီပေါင်းစပ်မှုကြောင့် Elvis အတွက် ရွှေခေတ်ကို ပြန်ရောက်ရှိသွားနိုင်ခဲ့ပါတယ်။ဒီ movie မှာတော့ Elvis’s 1968 Comeback Special ရဲ့ နောက်ကွယ်ကကြုံတွေ့ခဲ့ရတဲ့ struggles တွေနဲ့ အမေရိကန်ရဲ့ ကပ်ဆိုက်ကာလအကြောင်းတွေကို တင်ဆက်ပြသပေးထားပါတယ်။