ရော်ဘင်ဟုဒ်ဆိုရင် လူတိုင်းသိကြပေမဲ့ မာရီယန်ကိုတော့ လူတိုင်းသိချင်မှသိကြမှာပါ။ ဒီကားကတော့ မြင်နေကျ ရော်ဘင်ဟုဒ်စွန့်စားခန်းများမဟုတ်ဘဲ ရော်ဘင်ဟုဒ်ပါ၀င်မယ့် သူ့ချစ်သူမာရီယန်ရဲ့ စွန့်စားခန်းတွေကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ မာရီယန်ဟာ သူ့အလှနဲ့သစ္စာကြောင့်တင်မက ရဲစွမ်းသတ္တိကြောင့်လည်း ဟုဒ်အသိုင်းအဝိုင်းမှာ လေးစားခံရတဲ့ အမျိုးသမီးတစ်ယောက်ပါ။မာရီယန်တစ်ယောက် ဝေးလံတဲ့သီလရှင်ကျောင်းတစ်ကျောင်းမှာ ပုန်းအောင်းနေခဲ့ပြီး ၃ နှစ်အကြာမှာ ဘုရင်ရစ်ချတ်သေဆုံးတဲ့သတင်းကို ကြားလိုက်ရပါတယ်။ သူ့ချစ်သူရော်ဘင်ဟုဒ်လည်း စစ်ပွဲကပြန်လာပြီဖြစ်တာကြောင့်မာရီယန်ဟာ ခိုလှုံရာကိုစွန့်ပြီး ချစ်သူနဲ့ အပြေးလေးတွေ့ဆုံခဲ့ပါတယ်။ ဒါပေမဲ့အဖြစ်အပျက်တွေဟာ ထင်သလိုဖြစ်မလာခဲ့ပါဘူး။ သူတို့တွေ့ဆုံတဲ့ တောထဲမှာပဲရော်ဘင်ဟုဒ်ကို ကလဲ့စားချေမယ့်သူနဲ့တိုးမိပါတော့တယ်။ လူအင်အား မမျှတာကြောင့် ထွက်ပြေးခဲ့ရပါတယ်။ ဟုဒ်တစ်ယောက် ဒဏ်ရာအပြင်းအထန်ရရှိချိန်မှာတော့ အသက်ရှင်လွတ်မြောက်ရေးဟာ မာရီယန့်ခေါင်းပေါ် ပုံကျလာပါတယ်။ရဲရင့်ပေမဲ့ အားနွဲ့တဲ့အမျိုးသမီးတစ်ယောက်သာဖြစ်တဲ့ မာရီယန်တစ်ယောက်ထွက်ပြေးလွတ်မြောက်ပါ့မလား၊ ဒဏ်ရာရနေတဲ့ချစ်သူကို ကယ်တင်နိုင်ပါ့မလား၊ဘယ်လိုလှည့်စားမှုတွေ ခက်ခဲကြမ်းတမ်းမှုတွေကို ရင်ဆိုင်ရဦးမလဲဆိုတာ ကြည့်လိုက်ကြရအောင်ပါ။