Mr Yin-Yang HD

Mr Yin-Yang

Horror Thriller Mystery HD 2023-08-20 7.5 109 Min

ချင်းယွမ်မြို့ မှာ ထူးခြားတဲ့ကိစ္စတွေအခြေတည်နေတဲ့လင်းအိမ်တော်ရဲ့ကနေအစတည်ခဲ့တဲ့ဇာတ်လမ်းလေးပါပဲ…ဖေးယွမ်လို့ခေါ်တဲ့ကောင်မလေးတစ်ယောက် မှာ သုန်းကျစ်လို့ခေါ်တဲ့ အဖော် ကောင်လးတစ်ယောက်ရှိခဲ့တယ်…တစ်နေ့မှာ နှစ်ယောက်သားသီးသန့်နေရာလေးတစ်ခုဘယ်သူ့ကိုမှမပြောပါဘူးဆိုပြီး ကတိပြုခဲ့ကြပြီး သုန်းကျစ်ကအဲ့ဒီနေရာလေးမှာ ရုပ်သေးအတတ်ပညာကိုအိမ်ရှင်တွေမသိအောင်ခိုးသင်ခဲ့တယ်…တစ်နေ့မှာ ငွေရှာပြီး ထွက်သွားဖို့အတွက်ပေါ့…ဒါပေမယ့် ကံကြမ္မာဖန်လာတော့အရာရာကို ငွေနဲ့ပဲ ဖြေရှင်းတဲ့ လင်းအိမ်တော်က သေဆုံးပြီးဖြစ်တဲ့သားဖြစ်သူကို ယင်ဓာတ် နဲ့မင်္ဂလာဆောင်ပေးဖို့  ဖေးယွမ်နဲ့ စီစဥ်ခဲ့ကြတယ်…ဖေးယွမ်သိတော့ ကြောက်လန့်တကြား သုန်းကျစ်ကို အကူအညီတောင်းခဲ့တော့သူတို့လျို့ဝှက်နေရာလေးမှာ ပုန်းနေဖို့ပြောခဲ့တယ်…အိမ်ရှင်တွေက ဖေးယွမ်ပျောက်ဆုံးသွားတဲ့ အတွက် သုန်းကျစ်ကိုစစ်မေးရင်းဖေးယွမ်ပြန်ပေါ်လာတာကြောင့်အရင်အစီအစဥ်အတိုင်းမင်္ဂလာပွဲစီစဥ်ကာ အရှင်လတ်လတ်​မြုပ်ပစ်ခဲ့ကြတယ်…မတရားသဖြင့်သေခဲ့ရတဲ့ ဝိဉာဥ်ဖြစ်တာကြောင့်ခြောက်လန့်မှုတွေရှိလာပြီး ယင်းယန်ဆရာ ယင်းရှစ်စန်းကို ခေါ်ခဲ့လိုက်ကြတယ်….ယင်းရှစ်စန်းကဖြေရှင်းပေးနိုင်ပါ့မလား….လင်းအိမ်တော်ရဲ့ အရှုပ်တော်ပုံကရောဒီလောက်ပဲလား ဘာတွေ ထပ်ရှိဦးမလဲ….သရဲခြောက်တယ်ဆိုတာရော အမှန်တကယ်ပဲလားလုပ်ကြံနေတဲ့သူရှိနေတာလားဆိုတာကို စောင့်မျှော်ကြည့်ပေးကြပါဦးနော်