My First Barbie: Happy DreamDay HD

My First Barbie: Happy DreamDay

Family Animation HD 2023-02-13 6.333 40 Min

AI တွေခေတ်စားလာတဲ့အချိန်မှာ ဘာဘီတို့လည်း AI ကို အားကိုးတတ်လာပါပြီ။ ဒီကားလေးမှာတော့ ဘာဘီတို့တစ်သိုက်စီစဉ်တဲ့မွေးနေ့မှာ AIကိုခိုင်းလွန်းရာကနေ ပြင်လွန်းပြီးဖင်ချွန်းသွားတာပါ။ Chelsea တစ်ယောက်မွေးနေ့နီးလာလို့ Surprise party ရမလား မျှော်တကိုးကိုးဖြစ်နေတဲ့အချိန်မှာ သူတွက်ထားသလိုပဲ ဘာဘီကလည်း ပါတီတစ်ခုလုပ်ပေးဖို့ စီစဉ်ထားပါတယ်။ စီစဉ်တယ်ဆိုတာကလည်း အကြံဉာဏ်ပဲထုတ်ရပြီး လက်မလှုပ်ရလောက်တဲ့အထိကို သက်သာတာပါ။Dreamhouse ဆိုတဲ့ Home AI လေးကတော့ သူ့ရဲ့ Screen surface ပတ်ပတ်လည်မှာ Light နဲ့ Electromagnetic imagery ပေါင်းစပ်ထားတဲ့ Projectorလေးတွေပါလို့ User အမိန့်ပေးသမျှပစ္စည်းတွေရဲ့ ပုံရိပ်ကိုဖန်တီးပေးနိုင်စွမ်းရှိပါတယ်။ ဘာဘီတို့သူငယ်ချင်းတစ်သိုက်က Dreamhouse app ကိုသုံးပြီးပါတီအကြီးအကျယ်လုပ်ဖို့ ပြင်ကြတဲ့အချိန်မှာ တစ်ယောက်တစ်မျိုးစီနဲ့ Commandအလွန်အကျွံပေးမိကြပါတယ်။ ကိုယ်မလုပ်ရဘူးဆိုတိုင်း Dreamhouse AIကို ခဏခဏခေါ်ပြီး အမျိုးမျိုးခိုင်းလွန်းတော့ AI ခမျာလည်း အဆင်ပြေမနေတော့ပါဘူး။ နောက်ဆုံး … AI error တက်ပြီးတော့ AI နဲ့လုပ်ထားသမျှ အပြင်အဆင်တွေအားလုံး လိပ်ခါးဖားဖင်တွေဖြစ်ပြီး နေရာတွေလွဲကုန်ကြပါတော့တယ်။ဒီကားလေးရဲ့ ရုပ်ထွက်နဲ့သီချင်းတွေက ၂၀၂၃ ထွက်ဆိုတဲ့အတိုင်း အရင်ဘာဘီကားဟောင်းလေးတွေနဲ့ အရသာကွာတာလေးတွေရှိပေမယ့် နောက်ခံအသံနဲ့မျက်နှာအကျလေးတွေက အရင်လက်ဟောင်းနဲ့ ထပ်တူကျတာလည်းရှိသလိုအချိတ်အဆက်မိနေသေးတာလေးတွေလည်းရှိတာမို့လို့ ” I grew up watchingBarbie ” ဆိုတဲ့လူတွေအတွက် အသစ်အဆန်းလေးကိုပါ ခံစားဖူးချင်တယ်ဆိုရင်ကြည့်ကြည့်ကြဖို့ Recommend ပေးလိုပါတယ်။