My Super Ex-Girlfriend HD

My Super Ex-Girlfriend

Comedy Science Fiction Romance HD 2006-07-20 5.083 95 Min

Ghostbusters ဇာတ်ကားတွေနဲ့ No Strings Attached လို နာမည်ကျော်ဇာတ်မျိုးကို ရိုက်ခဲ့တဲ့ ဒါရိုက်တာရဲ့ ရုပ်ရှင်ပါ။ အိုဝင်ဝီလ်ဆန်ရဲ့ညီ လုခ်ဝီလ်ဆန်နဲ့ အူမာသာမန်းတို့လို တန်းရှိသရုပ်ဆောင်တွေကို သုံးထားပါတယ်။ လုခ်ဟာ အိုဝင်လောက်တော့ လူသိမများပေမဲ့လည်း ဝက်စ်အန်ဒါဆန်ရဲ့ ပွဲဦးထွက်ကားတွေနဲ့ တခြားကားကောင်းတွေမှာ ပါဖူးတဲ့ သရုပ်ဆောင်ပါပဲ။ Ethan Hawke ရဲ့မိန်းမ အူမာသာမန်းကတော့ မသိသူမရှိလောက်ပါဘူး။ တာရန်တီနိုရဲ့ Kill Bill, Pulp Fiction တို့မှာ သရုပ်ဆောင်ဖူးတဲ့သူပါ။ သူ့ရဲ့အကောင်းဆုံးလက်ရာကတော့ Maya Hawke ပါပဲ။စူပါပါဝါရှိတဲ့မိန်းကလေးတစ်ယောက်နဲ့တွဲမိရာကနေ အလွဲလေးတွေကြုံရပုံကို ကြည့်ရမှာပါ။ ဒီဇိုင်းကုမ္ပဏီတစ်ခုမှာအလုပ်လုပ်နေတဲ့ Single ဖြစ်နေတာကြာပြီဖြစ်တဲ့ မက်က ရထားပေါ်မှာတွေ့တဲ့ဂျန်နီဆိုတဲ့ကောင်မလေးကို သူငယ်ချင်းရဲ့တိုက်တွန်းမှုကြောင့် ဖွင့်ပြောပြီး တွဲဖြစ်သွားပါတယ်။ နယူးယော့ခ်မှာ G-Girl ဆိုပြီး လူတွေကိုအန္တရာယ်တွေကနေကာကွယ်ပေးနေတဲ့စူပါဟီးရိုးကောင်မလေးတစ်ယောက်ရှိပါတယ်။ ဂျန်နီက G-Girl မှန်း မက်သိသွားတဲ့အခါ…စူပါဟီးရိုးအနေနဲ့ Cool ဖြစ်ပေမဲ့ ရည်းစားတစ်ယောက်အနေနဲ့ စိတ်ခံစားချက်များပြီး သဝန်တိုတတ်တဲ့ဂျန်နီနဲ့မက်တို့ အဆင်မပြေကြတော့ဘဲ မက်က သူတကယ်ချစ်တဲ့သူက ကုမ္ပဏီက လုပ်ဖော်ကိုင်ဖက် ဟန်နာဆိုတာသိသွားတဲ့အခါ… ဂျန်နီနဲ့ဟန်နာတို့ကြားမှာ မက်ဘယ်လိုဒုက္ခရောက်ဦးမလဲ…ဂျန်နီနောက်ကိုလိုက်နေတဲ့သူကရော ဘာရည်ရွယ်ချက်နဲ့လဲဆိုတာ… ဆက်ပြီးကြည့်ရှုလိုက်ပါဦး။ စူပါပါဝါတွေနဲ့ကားကိုမှ ရိုမန့်ဟာသ အသားပေးထားတာမို့ လူတိုင်းနီးပါးကြည့်လို့အဆင်ပြေမယ့်ကားကောင်းတစ်ကားပါပဲ။