Mighty Morphin Power Rangers 2017 Reboot Movieနာမည်ကြားရုံနဲ့ ခင်ဗျားတို့တွေကြက်သီးတဖျန်းဖျန်းထရုံမကပဲအသားတွေပါတဆတ်ဆတ်တုန်သွားမယ်ဆိုတာကောင်းကောင်းကြီးအာမခံပါတယ်….တကယ်တော့ဒီရုပ်ရှင်ကို အညွှန်းတောင်တကူးတကရေးပြီးတော့ ညွှန်းနေစရာမလိုလောက်ပါဘူး…ဘာကြောင့်လဲဆိုတော့ အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့အပြင်ကျွန်တော်တို့နဲ့အတူတကွကြီးပြင်းလာတဲ့ငယ်ဘဝဇာတ်ကောင်လူစွမ်းကောင်းများဖြစ်တဲ့ Power Rangers တွေဖြစ်တာကြောင့်အားလုံးလည်း ရင်းနှီးပြီးသားဖြစ်ကြပါလိမ့်မယ်…..ဒါပေမယ့်တစ်ခုပြောစရာရှိတာက ဒီရုပ်ရှင်ထဲကအဓိကဇာတ်ကောင်တွေPower Rangers တွေဖြစ်လာမယ့် Angel Groove မြို့ရဲ့အထက်တန်းကျောင်းသားတွေဖြစ်ကြတဲ့Power Rangers တွေဖြစ်လာကြမယ့်အထက်တန်းကျောင်းသားလေးတွေဖြစ်တဲ့Jason,Kimberley,Billy,Zack,Trini တို့ဟာ ကျွန်တော်တို့ငယ်ငယ်ကရင်းနှီးခဲ့ကြတဲ့အတိုင်းလူတော်လူကောင်း အများအကျိုးသယ်ပိုးကြတဲ့လူငယ်လေးတွေမဟုတ်ကြဘဲကျောင်းရဲ့ လူပေလူတေလေးများဖြစ်နေတာကို အံ့အားသင့်ဖွယ် မြင်ရမှာပဲဖြစ်ပါတယ်….ဒါ့အပြင် ဒီရုပ်ရှင်ဟာလှည့်ကွက် မြှပ်ကွက်များစွာနဲ့တင်ဆက်ထားတဲ့အပြင်ကိုဇာတ်လမ်းအစမှာကိုပဲ ကြည့်ရှု့သူပရိတ်သတ်တွေအားလုံးကို”ဟာ ဒါကဒီလိုပါလား” ဆိုပြီး အံ့အားသင့်ရေရွတ်ရလောက်အောင်ကိုတင်ဆက်ထားတာကိုလည်းကြည့်ရှု့ရဦးမှာဖြစ်ပါတယ်….ဇာတ်လမ်းအကျဉ်းလေးကိုတော့ အခုပြောပြတာထက် ကိုယ်တိုင်ခံစားကြည့်ရှု့လိုက်တာကပိုပြီးတော့ ရင်ခုန်စိတ်လှုပ်ရှားမှု့တွေပေးစွမ်းနိုင်မှာမို့ အခုပဲ ဒေါင်းကြည့်ကြဖို့အတွက်တိုက်တွန်းချင်ပါတယ်…နောက်ပြီး Original Power Rangers ရဲ့ Theme Song ကိုထပ်မံမွန်းမံထားပြီးတော့နောက်အသစ်ထည့်ထားတဲ့ နောက်ခံတီးလုံးတွေကဇာတ်ကိုလုံးဝအထွတ်ထိပ်ရောက်စေပြီးကောင်းမွန်လှပစေခဲ့ပါတယ်…ကျွန်တော်တို့တွေ ဒီရုပ်ရှင်မထွက်လာခင်ကတည်းက Ranger တွေရဲ့ Suit တွေ Morpher တွေZordတွေကိုကြည့်ပြီးစိတ်ပျက်ခဲ့ရတာတွေက ဒီရုပ်ရှင်ကိုတကယ်တမ်းကြည့်လိုက်ရတဲ့အခါမှာတော့အကုန်ပျောက်သွားမယ်ဆိုတာ လုံးဝအာမခံပါတယ်….နောက်ပြီးတော့ Mid-Credits Scene ကိုလည်းမလွတ်စေပဲ ကြည့်ပေးဖို့ကိုထပ်ပြီးတော့ သတိပေးချင်ပါသေးတယ်….PG-13 အဆင့်ရှိပြီး ကြာချိန် ၂ နာရီကြာမြင့်ထားတဲ့ Rating 5.9 အဆင့်ထိရှိတဲ့ Movie ဖြစ်ပါတယ်…