Brother HD

Brother

Drama Mystery Romance HD 2023-03-17 4 119 Min

ဒီဇာတ်ကားက တကယ်ကိုလှပပြီး ခံစားချက်တွေကို ကွက်ကွက်ကွင်းကွင်းမြင်နိုင်အောင် ဆွဲဆောင်နိုင်လွန်းပါတယ်။ လက်ရှိအချိန်နဲ့ အတိတ်ကာလကို နောက်ကြောင်းပြန် ယှဉ်ပြထားပြီးထိခိုက်နာကျင်စရာကောင်းတဲ့နေရာဆီကို တ‌ဖြည်းဖြည်းဆွဲခေါ်သွားတာကိုက ဒီဇာတ်ကားရဲ့လှပမှုပါပဲ။ ဒီဇာတ်ကားကို အပေါ်ယံကြည့်ရင် သာမန်မိသားစုဒရာမာကားလေးပါပေါ့။ ဒါပေမဲ့ အဲဒီအောက်မှာတော့ရွေ့ပြောင်းနေထိုင်သူတွေရဲ့ ခက်ခဲကြမ်းတမ်းတဲ့ဘ၀တွေ၊ အဲဒီခေတ်က လူမျိုးရေးခွဲခြားမှုတွေအပြင် လူမျိုးတူချင်းဆီကပါ ပိုင်နက်စိုးမိုးလိုမှုကြောင့် ရန်စောင်မှုတွေကို နက်နက်နဲနဲမြင်နိုင်တဲ့ဇာတ်လမ်းလေးပါ။ တကယ်လို့ ခင်ဗျားက သာမန်ဟောလိဝုဒ်စတိုင်ဖျော်ဖြေရေးဇာတ်ကားတစ်ကားကိုမျှော်လင့်နေရင် ဒီကားလေးက သာမန်ဇာတ်လမ်းလေးပါပဲ။ ဒါပေမဲ့ ခင်ဗျားက ထိရှလွယ်ပြီးကံဆိုးမိုးမှောင်ကျတဲ့သူတွေရဲ့ဇာတ်လမ်းတွေကို ကိုယ်ချင်းစာပြီးခံစားတတ်ရင် ဒီကားလေးက ခင်ဗျားတို့အတွက် ရွေးချယ်မှုကောင်းပါပဲ။ ဘယ်လိုပဲဆိုဆိုပါ အချိန်ပေးရတန်တဲ့ကားဆိုတာဆုတွေကသက်သေပါပဲ။ အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။