ဒီနေ့အတွက် IMDb rating 6.7/10 ရရှိထားတဲ့ Horror ကားလေးတစ်ကားတင်ပေးချင်ပါတယ်။ Elias နဲ့ Lukas တို့ဟာ ဆယ်နှစ်အရွယ်အမွှာညီကိုတွေဖြစ်ပြီး ဖခင်နဲ့အတူနေရာမှမျက်နှာခွဲစိတ်ပြီးဆေးရုံကဆင်းလာတဲ့ မိခင်နဲ့အတူနေရန်အအကြောင်းဖန်လာပါတယ်။ ဒါပေမဲ့ သူတို့မိခင်ဟာ ဆေးရုံကဆင်းလာချိန်ကစပြီး အသွင်ပြင်တွေဟာ ပြောင်းလဲလာပါတယ်။ညီအကိုနှစ်ယောက်အတွက်မနက်စာကို တစ်ယောက်စာပဲလုပ်ပေးခြင်းတွေ . အဝတ်တစ်စုံပဲထုတ်ပေးခြင်းတွေနဲ့ ဒေါသအမြဲလိုလိုထွက်နေခြင်းတို့ဖြစ်ပါတယ်။အမွှာညီအကိုနှစ်ယောက်ဟာ ထိုအခြင်းအရာတွေကိုထောက်ရှုပြီး တစ်စုံတစ်ခုကိုရိပ်မိသွားတဲ့နောက်ဘယ်လိုအဖြေရှာဖော်ထုတ်ကြမလဲဆိုတာကို ပရိတ်သက်ကြီးကရင်တထိတ်ထိတ်နဲ့ကြည့်ရမှာပါ။