“တကယ်လို့ ဒီနေ့ဟာကမ္ဘာပျက်မယ့်နေ့ဆိုရင် မင်းဘာလုပ်မှာလဲ” “ကျွန်တော်အသက်ဆက်ရှင်သွားမယ်”အနာဂတ်တစ်နေ့မှာ ကမ္ဘာပေါ်ကသဘာဝစွမ်းအင်တွေကိုထုတ်ယူသုံးစွဲလို့ကုန်ခန်းသွားတဲ့အခါ နေရောင်ခြည်စွမ်းအင်ကိုအားကိုးပြီးသုံးစွဲရပါတယ်။ဒီတောက်ပနေတဲ့နေမင်းကြီးဟာ တစ်နေ့မှာပျောက်ကွယ်သွားမယ်လို့ဘယ်သူကမှမထင်ထားခဲ့ပါဘူး။ဆိုလာစွမ်းအင်ခေတ်ကြီးမှာ နေကြီးကရုတ်တရက်ပျောက်သွားခဲ့ပြီးတစ်ကမ္ဘာလုံးမဲမှောင်သွားခဲ့ပါတယ်။ နေမရှိတော့တဲ့အတွက်ကမ္ဘာအပါဝင်ဂြိုလ်ကြီး(၉)လုံးနဲ့လည်ပတ်နေတဲ့ နေအဖွဲ့အစည်းကြီးဟာနေပတ်လမ်းကြောင်းတွေပျောက်ပြီး ကစဉ့်ကလျားဖြစ်သွားပါတော့တယ်။ ကမ္ဘာပေါ်မှာအောက်စီဂျင်တွေတဖြည်းဖြည်းကျလာပြီးအပူချိန်ကလဲအရှိန်နဲ့ကျနေတဲ့အတွက် လူသားတွေဟာအသက်ရှင်နိုင်ဖို့ ကြိုးစားပြီးနည်းလမ်းရှာကြရပါတော့တယ်။အဲ့ဒီအချိန်မှာ နက္ခတ်ဗေဒအလွတ်တမ်းပညာရှင် စွန်းယန် နဲ့သူ့ရဲ့ဘေးတိုက်ခန်းက ချန်မု တို့ဟာ အသက်ရှင်ဖို့အတွက်အတူအဖော်ပြုရင်းအခက်အခဲတွေအတူကျော်ဖြတ်ပြီး နယ်မြေတစ်ခုပြီးတစ်ခုကျော်ဖြတ်ကာမျှော်လင့်ချက်တွေရှိတဲ့နယ်မြေကို ခရီးနှင်ကြပါတယ်။အချိန်နဲ့အမျှအေးခဲလာပြီး အသက်ရှင်ဖို့ခက်ခဲတဲ့ကမ္ဘာမြေကြီးပေါ်မှာသူတို့နစ်ယောက်ဟာ အသက်ဆက်ရှင်နိုင်ပါ့မလား……