Beast FHD

Beast

Action Thriller FHD 2022-04-12 5.618 162 Min

ဒီဇာတ်လမ်းမှာ ဗီဂျေးက Beast ဆိုတဲ့ နာမည်နဲ့လိုက်အောင်ဘယ်သူ့စကားမှနားမထောင် ကိုယ်မှန်တယ်ထင်တာကိုလုပ်ပြီဟေ့ဆိုရင် ဝန်ကြီးချုပ်လည်းဂရုမစိုက်…အတော်လက်ရဲဇက်ရဲနိုင်ပြီး အသတ်အဖြတ်ရက်စက်တဲ့သားရဲကြီး ရော(RAW)အေးဂျင့်ဟောင်းဗီရ်ရာဂဗ်..တစ်ခါတုန်းက သူ့ဌာနက သူ့ကိုလှည့်စားလိုက်တာကိုစိတ်နာပြီး တာဝန်ကနေ အနားယူသွားခဲ့တယ်…တစ်ရက် ချင်နိုင်းမြို့လည်ခေါင်က မောလ်တစ်ခုကိုအကြမ်းဖက်သမားတွေက ဝင်စီးတယ်..ဖြစ်ချင်တော့မောလ်ထဲမှာ ဗီရ်ရာဂဗ်ရှိနေတယ်…ဓါးစာခံရာကျော်ကို မောလ်အတွင်းမှာ ဖမ်းထားတဲ့အတွက်အစိုးရကယ်ဆယ်ရေးအဖွဲ့တွေက အထဲကိုဝင်ပြီးကယ်လို့မရဘူးဖြစ်နေတယ်…အတွင်းမှာပိတ်မိနေတဲ့လူတွေထဲ ဗီရ်ရာဂဗ်ပါနေတယ်ဆိုတာသိသွားတော့ သူ့ကိုလှမ်းအကူအညီတောင်းတယ်…ဒီလိုနဲ့ ဗီရ်ရာဂဗ်တစ်ယောက် အကြမ်းဖက်သမားတွေကြားထဲမှာတစ်ပွေတည်း ဘယ်လိုတွေပွဲကြမ်းမလဲ….ဓါးစာခံတွေကို ဘယ်လိုကယ်ထုတ်မလဲဆိုတာကို အက်ရှင်ခန်းတွေအများကြီးနဲ့ စိတ်ဝင်တစားရှုစားလိုက်ကြပါဦးရှင့်…