Daughter HD

Daughter

Drama Horror Mystery HD 2023-02-10 4.6 95 Min

မိသားစုတစ်စုဟာ ဆုံးရှုံးသွားတဲ့ မိသားစုဝင်ကို ပြန်လည်အစားထိုးဖို့သူစိမ်းမိန်းကလေးတစ်ယောက်ကို ပြန်ပေးဆွဲအကျဉ်းချထားပါတယ်။ဒီလူတွေရဲ့ အစီအစဉ်ကတော့ မရှိတော့တဲ့ သမီးလုပ်သူနေရာမှာ သဘာဝကျကျပူးပေါင်းနေထိုင်ပေးလာတဲ့အထိ ကောင်မလေးကို ချော့တစ်လှည့်၊ခြောက်တစ်လှည့်သိမ်းသွင်းဖို့ပါပဲ။ အဖေနဲ့ အမေဆိုသူနှစ်ဦးကတော့သားဖြစ်သူကို ပစားပေးဆက်ဆံကြပြီး သမီးအသစ်ဖြစ်လာမယ့် ဓားစာခံလေးကတော့ ကောင်လေးအဖော်ရအောင်ထားပေးတဲ့ အစ်မအမည်ခံကစားဖော်သာသာပေါ့။ချုပ်နှောင်ခံရမှုအောက်မှာ အလျှော့ပေးလိုက်ရပြီး အယောင်ပြမိသားစုကြီးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာပြီးနောက်မှာတော့ Katherine တစ်ယောက်မချစ်သော်လည်းအောင့်ကာနမ်းတဲ့ဇာတ်ခင်းရပါပြီ။ ဆက်ဆံရေးအတုကြားမှာ ပီပြင်အောင်သရုပ်ဆောင်နေရင်း ဒီမိသားစုရဲ့ရူးနှမ်းမှုအကြီးစားကြီးကို တစ်စတစ်စပုံဖော်အဖြေရှာမိပါတော့တယ်။