အီရန်မှာ စစ်တွေဖြစ်နေတော့ ပါရှန်သားလေး အလီဟာ အမေရိကန်ကိုပညာသင်ဆုနဲ့ကျောင်းလာတက်တာပေါ့…။အလီရဲ့ မိဘတွေကတော့ အီရန်မှာ ကျန်ခဲ့ပြီး အမေဖြစ်သူကနယ်ခံတပ်တွေ ဖမ်းဆီးတာ ခံလိုက်ရပါတယ်…။မိခင်ကိုပြန်ခေါ်ဖို့အတွက်အစိုးရကိုအကူအညီတောင်းတော့ စစ်ပွဲကာလမို့ဘာမှလုပ်မပေးနိုင်ပါဘူး…။ဒါကြောင့် ကိုယ့်နည်းကိုယ့်ဟန်နဲ့ အောက်လမ်းက ခေါ်ဖို့ကြိုးစားပါတော့တယ်…။အဲ့ဒီအတွက် ငွေကလည်းအများကြီးကုန်မှာဆိုတော့ ကောလိပ်ကျောင်းသားအလီတစ်ယောက် ငွေရဖို့အတွက် undergroundထိုးသတ်ပွဲတွေမှာ ဝင်ထိုးပါတော့တယ်…။စစချင်းမှာတော့ နပန်းအခြေခံရှိသူ အလီဟာပွဲတွေဆက်တိုက်နိုင်ပြီးငွေရှာလွယ်ကူခဲ့တာပေါ့..။ဒါပေမဲ့ undergroundလောကက အဲ့လောက်မရိုးရှင်းလှဘဲ ပြိုင်ဘက်နဲ့ပွဲစီစဥ်သူပေါင်းစားပြီး အလီကို ဂွင်ဆင်ကြတဲ့အခါမှာတော့….။1980စတိုင်နဲ့Underground Fighting ထိုးသတ်ပွဲတွေကြည့်ချင်တဲ့သူတွေအတွက်တော့ actionကားကောင်းလေးတစ်ကားပါ…။