Happiness for Beginners HD

Happiness for Beginners

Comedy Adventure Romance HD 2023-07-27 6.679 103 Min

ဇာတ်လမ်းအကျဥ်းလေးကတော့ ဟယ်လန်ဟာ ယောကျ်ားဖြစ်သူနဲ့ကွာရှင်းပြတ်စဲပြီးတစ်နှစ်အကြာမှာ ဘဝအသစ်ပြန်စဖို့ အားယူရန်တောတွင်းလမ်းလျှောက်ခရီးလေးကိုစိတ်ပြေလက်ပျောက်ထွက်ခဲ့လိုက်ပါတယ်…။အိမ်ထောင်ရေးကံခေလို့ ကွာရှင်းပြီးတာတောင် ခင်ပွန်းဟောင်းဖြစ်သူက လိုက်ကပ်နေတာတွေ…၊အိမ်ထောင်ကွဲမိဘတွေရဲ့စွန့်ပစ်ခံခဲ့ရတဲ့အတိတ်တွေ…၊တစ်ဦးတည်းသောသွေးသားရင်း မောင်လေးနဲ့ အဆင်မပြေတာတွေ စတဲ့အထိုထိုသောဘဝရဲ့ အခက်အခဲတွေကို move onလုပ်ဖို့အတွက် ပထမဆုံးခြေလှမ်းအနေနဲ့ ဒီခရီးကိုထွက်ခဲ့တာ….။တိုက်ဆိုင်ချင်လို့လားပဲ…။ ဒီခရီးမှာ ဟယ်လန့်မောင်လေးရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်သူ ဂျိတ်လည်း လိုက်ပါလာပါတယ်…။တစ်ယောက်တည်း ဆိတ်ငြိမ်ချင်လို့ခရီးထွက်ပါတယ်ဆိုမှ ခရီးမှာ မျက်နှာသိပါလာတော့ဟယ်လန်တစ်ယောက် ထပ်ပြီးစိတ်ညစ်ပြန်ရပါလေရော…။သို့ပေမဲ့ ဘဝဆိုတာ ဆိုးတာချည်းပဲကြုံမနေဘူးလေ အပြောင်းအလဲလေးရှိသေးတာကိုး…။ဟယ်လန်တစ်ယောက် တောတွင်းလမ်းလျှောက်ခရီးမှာ မျက်နှာသိဂျိတ်နဲ့ ကတောက်ကဆ၊ကမောက်ကမဖြစ်ရင်း ဘယ်လိုတွေ စခန်းသွားကြမလဲဆိုတာကိုဒီ Comedy Drama moviလေးထဲမှာကြည့်ရှုနိုင်ပါပြီ…။