The Recruit HD

The Recruit

Action Thriller HD 2003-01-31 6.348 115 Min

ထက်မြက်တဲ့နည်းပညာသမားတစ်ယောက်ဖြစ်သူ ဂျိမ်းစ်ကိုစီအိုင်အေမှာ နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့ပြီး စီနီယာနည်းပြ အနေနဲ့ငယ်ရွယ်တဲ့အရည်အချင်းရှိသူတွေကိုလူသစ်စုဆောင်းဖို့ ရှာဖွေနေခဲ့တဲ့ ဝေါ်တာဘက်ခ်ကအဖေ ဖြစ်သူရဲ့အကြောင်းကို သိချင်တဲ့ ဂျိမ်းစ်ရဲ့အညှာကို ချုပ်ကိုင်ပြီး သူဖြစ်စေချင်သလိုစီအိုင်အေထဲဝင်နိုင်အောင်အပါခေါ်သွင်းခဲ့ပါတယ်.“မွေးမြူရေးခြံ” လို့ အမှည်ဝှက်ပေးထားတဲ့ သူတို့ရဲ့လေ့ကျင့်ရေးသင်တန်းကျောင်းမှာ ဂျိမ်းစ်ကိုစမ်းသပ်မှု အဆင့်ဆင့်ကို ဖြတ်ကျော်စေခဲ့ပါတယ်.နောက်ဆုံးစမ်းသပ်မှုကိုမအောင်မြင်ခဲ့တဲ့ဂျိမ်းစ်တစ်ယောက် စိတ်ဓာတ်ကျပြိုလဲနေခဲ့ပေမယ့်ဝေါ်တာဘက်ခ်က လန်ဂလေက ဌာနချုပ်မှာနေရာတစ်ခုရအောင် စီစဉ်ပေးခဲ့ပြီးN.O.C – (Non-Offical Cover) နော့အနေနဲ့ဌာနကအတွင်းသူလျှိုဖြစ်သူ လေလာရဲ့ချုပ်ကိုင်စေခိုင်းသူကိုရှာဖွေဖော်ထုတ်ရမယ့် တာဝန်တစ်ခုကို ချပေးခဲ့ပါတယ်ဒီနေရာအရောက်မှာတော့ ဂျိမ်းစ်အနေနဲ့သူ့ရဲ့ အော်ပရေးရှင်းကို ပြီးအောင်လုပ်နိုင်မှာလားလေလာရဲ့ နောက်ကွယ်က စေခိုင်းသူကရော ဘယ်သူဖြစ်မလဲ.ဝေါ်တာဘက်ခ်အနေနဲ့ကရော ဂျိမ်းစ်ကို နော့အနေနဲ့တပ်ဖွဲ့ထဲ ခေါ်ခဲ့တဲ့ အဓိကရည်ရွယ်ချက်ကရောဘာလဲဇာတ်လမ်းအဆုံးအထိ လှည့်စားနိုင်ဖို့ မပျက်ကွက်ခဲ့တဲ့ဒီဇာတ်ကားလေးကို ပရိသတ်များရှုစားနိုင်ဖို့တင်ဆက်ပေးလိုက် ရပါတယ်.