Called to Duty HD

Called to Duty

Action HD 2023-07-01 3 102 Min

ဇာတ်လမ်း အကျဥ်းကတော့ အမေရိကန်အပေါ် ခြိမ်းခြောက်လာတဲ့မြောက်ကီယန်နိုင်ငံ(မြောက်ကိုရီးယားမဟုတ်)ရဲ့ နျူလက်နက်တွေကိုသွားရောက်ခြေမှုန်းမယ့် တိုက်လေယာဥ်တပ်စုအကြောင်းရိုက်ကူးထားတာပါ…။ဒီတပ်စုကတော့ မယ်တောင်ပံလို့ခေါ်တဲ့အမျိုးသမီးလေယာဥ်မှူးတွေပါဝင်ပြီးသူတို့က လေကြောင်းအလှပြပွဲအတွက် သရုပ်ပြပေးရတဲ့လေယာဥ်မယ်တွေပါ…။တိုက်ပွဲဝင်တိုက်စစ်မှူးတွေတောင် မဟုတ်ပါဘူး…။သို့ပေမဲ့ မည်သို့ မည်ပုံကြောင့်မသိ….မယ်တောင်ပံတွေသာ ပဲ့အကိုင်နိုင်ဆုံးဒီစစ်ဆင်ရေးအတွက်အသင့်တော်ဆုံးဆိုပြီး… မြောက်ကီယန်ကို တိုက်ခိုက်ဖို့ လေ့ကျင့်ပေးကြပါလေရော…။လေ့ကျင့်နေရင်းနဲ့မှ မြောက်ကီယန်က နျူလက်နက်တွေနဲ့ တိုက်ခိုက်လာတော့မယ်တောင်ပံတို့ကဟာ ဒီနျူလက်နက်တွေထုတ်လုပ်တဲ့စက်ရုံကိုအမြစ်ဖြတ်ချေမှုန်းဖို့ တာဝန်ပေးခံရပါတော့တယ်…။မစ်ရှင်ကိုအောင်မြင်အောင် မယ်တောင်ပံတို့ဘယ်လိုအရဲ့စွန့်ပြီးလေကြောင်းတိုက်ခိုက်မှုတွေလုပ်မလဲဆိုတာမြင်တွေ့ရမှာပါ…။တစ်ကားလုံးလေကြောင်း စကားလုံးတိုက်ခိုက်မှုတွေများလွန်းလို့လေယာဥ်တိုက်ပွဲကောင်းကောင်းကြည့်ချင်ပြီးအချိန်ကုန်မခံချင်ရင် Top Gunကိုသာပြန်ကြည့်ပါဗျာ…။