မြန်မာနိုင်ငံမှာ တော်တော်လေးကိုပေါက်ခဲ့တဲ့ကားဖြစ်ပြီး မသိသူလည်း ခပ်ရှားရှားရယ်။ ရုပ်ရှင်သိပ်မကြည့်ဖြစ်တဲ့သူတွေတောင်မှBaby’s Day Out ကို နာမည် မသိရင်နေဇာတ်ကားကိုတော့ သိကြပါတယ်။ တော်တော်လေးလည်း ရယ်ရပါတယ်။ လုံးဝကို စိတ်ဖိစီးမှုတွေ ဖြေလျှော့ ပေးနိုင်တဲ့ကားပါ။ချမ်းသာတဲ့စုံတွဲတစ်တွဲရဲ့ကလေးကိုပြန်ပေးဆွဲဖို့ကြိုးစားတဲ့ ခပ်အအလူသုံးယောက်ကိုကလေး က ပညာပြန်ပေးပုံကို အူတက်အောင် ရိုက်ပြထားပါတယ်။ ဇာတ်လမ်းလေးကရိုးစင်းပေးမယ့် အဖြစ်အပျက်တွေက ဆန်းပြားလွန်းပါတယ်။ တော်တော်လေးကိုဟာသဆန်တဲ့ဇာတ်ကွက်တွေ ချီးကျူးစရာပါပဲ။ ကဲမိတ်ဆွေတို့။ဘာကိုစောင့်နေဦးမှာလဲ။