ရွိုင်းမီလာက ယူအက်စ်ရဲ့အဖျက်လက်နက် ရှာဖွေထောက်လှမ်းရေးအဖွဲ့ခေါင်းဆောင်ဖြစ်ပြီး အီရတ်နိုင်ငံထဲမှာ အဖျက်စွမ်းအားကြီးတဲ့လက်နက်ကြီးတစ်ခုရှိတဲ့ဆိုတဲ့ အတွင်းသတင်းကြောင့် ရှာဖွေမှုတွေနေရာအနှံ့လုပ်နေခဲ့တာပါ။ဒါပေမဲ့ သတင်းရတဲ့နေရာတွေမှာရှာတိုင်းဘာလက်နက်ကြီးမှ မတွေ့ရဘဲ လက်ဗလာနဲ့ပဲ ပြန်လာနေရတဲ့နောက်ထောက်လှမ်းရေးကရတဲ့ သတင်းက တစ်ခုခုလွဲနေတယ်လို့ သံသယဝင်လာပြီး အထက်အမိန့်ကိုဖီဆန်ပြီး သတင်းရင်းမြစ်အကြောင်းကိုထဲထဲဝင်ဝင်စုံစမ်းရာက ထင်မှတ်မထားမိတဲ့လျှို့ဝှက်ချက်တစ်ခုကိုသိသွားပြီး အဲဒီကိစ္စရဲ့နောက်ဆက်တွဲကိစ္စတွေကိုပါ ဖြေရှင်းဖို့အရေးကြုံလာပါတော့တယ်။အဲဒီလျှို့ဝှက်ချက်က ဘာဖြစ်နေမလဲ။ ဘယ်လောက်ထိကြီးမားတဲ့ပြဿနာကြီးဖြစ်နေမလဲ။မတည်ငြိမ်မှုတွေဖြစ်နေတဲ့ အီရတ်မြေမှာမီလာတို့အဖွဲ့ ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ရမလဲဆိုတာ ကြည့်ရှုခံစားရမှာပါ။