ဇာတ်လမ်းမှာတော့ Australia မင်းသမီးချော Caitlin Staseyက ခေါင်းဆောင်မင်းသမီးအနေနဲ့သရုပ်ဆောင်ထားပြီး၊ကျွန်တော်တို့ ငယ်ငယ်က ကြည့်ခဲ့တဲ့ Peter Pan ကားထဲကWendy Darling တစ်ဖြစ်လဲ Rachel Hurd-Wood တို့လည်းပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းအနေနဲ့တော့ Stasey တို့သူငယ်ချင်းတစ်စု Camping ထွက်နေတုန်းမှာပဲ Australia နိုင်ငံကို နယ်ချဲ့တွေဝင်လာပါတော့တယ်။ ဒီလိုနဲ့ ရန်သူ့ရဲ့ Back Lineမှာ Stasey တို့သူငယ်ချင်းတစ်သိုက် ညပ်သွားတဲ့အခါမှာတော့ဘာတွေဘယ်လိုဖြစ်ကြမလဲဆိုတာကို ဆက်စောင့်ကြည့်ကြပါဦး။ဇာတ်ကားအဆက်မထွက်ထားလို့ ဒီကားလေးကြည့်ပြီး Stasey တို့တစ်ယောက်ဘယ်လိုတွေကြုံတွေ့ကြရဦးမလဲ သိချင်ရင်တော့ဝတ္ထုကိုဖတ်ကြည့်ဖို့အကြံပြုချင်ပါတယ်..2016 မှာတော့ MiniSeries အနေနဲ့ အပိုင်း၆ပိုင်း ထွက်ရှိထားတာလေးလည်းရှိပါတယ်။