The Recipe FHD

The Recipe

Drama Thriller Mystery Romance FHD 2010-10-21 6.7 107 Min

တောင်ကိုရီးယားမှာ လူ ၁၂ ယောက်ကိုသွေးအေးအေးနဲ့သတ်ဖြတ်ပြီး အာဏာပိုင်တွေလက်အောက်ကနှစ်ပေါင်းကြာရှည်စွာ ထွက်ပြေးတိမ်းရှောင်နေတဲ့ လူသတ်သမားကြီးကတောထဲတောင်ထဲကစားသောက်ဆိုင်လေးထဲ ရဲတွေလာဖမ်းတာကိုအသာတကြည်နဲ့ ပြန်မခုခံပဲ အေးဆေး အဖမ်းခံခဲ့ပါတယ်။ အဲဒါနဲ့သေဒဏ်ပေးခါနီး နောက်ဆုံးဆန္ဒကို ပြောပါဆိုတော့ ဘာပြောတယ်ထင်လဲ…”အဲဒီဆိုင်ကဒွမ်ဂျန်ဟင်းရည် သောက်ချင်တယ်” တဲ့ဗျာ။အဲဒါနဲ့ သေခါနီးလူတစ်ယောက်ရဲ့နောက်ဆုံးဆန္ဒက ထူးထူးခြားခြားဒီဒွမ်ဂျန်ကို သောက်ချင်ရအောင် ဘာတွေများ ထူးခြားနေလို့လဲဆိုပြီးသတင်းထောက်ကြီးဟာအဖြေကိုလိုက်ရှာတဲ့အချိန် နောက်ကွယ်ကလွမ်းဆွေးဖွယ် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ ထူးခြားတဲ့ဟင်းအမယ်တွေကို သိရှိလိုက်ရပါတော့တယ်…..။သရုပ်ဆောင်တွေဆိုလည်းအများနဲ့မစိမ်းလောက်ဘူးထင်ရတဲ့နာမည်ကြီး ဇာတ်ပို့မင်းသားကြီး Seung-ryong Ryu က သတင်းထောက်နေရာက သရုပ်ဆောင်ထားပြီး Goblin သေမင်းတွေ အမြီး၉ ချောင်းမြေခွေး စသဖြင့်အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့အာဂျီးရှီး Lee Dong-Wook နဲ့ တည်ငြိမ်တဲ့အလှပိုင်ရှင် မင်းသမီးLee Yo-Won တို့ ပါဝင် သရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။ကြည့်ရင်းနဲ့ ပဲပိစပ်ဟင်းရည်လေးသွားရည်ကျပြီး မျက်ရည်သုတ်ကြရတာပေါ့ဗျာ။