Thelma & Louise HD

Thelma & Louise

Crime Drama Thriller Adventure HD 1991-05-24 7.571 130 Min

ဇာတ်လမ်း​အကျဥ်း​ကတော့​ Thelma ဟာ​ ခင်​ပွန်း​ဖြစ်သူရဲ့ ဖိနှိပ်​ချုပ်ချယ်​ခြင်းကိုခံနေရတဲ့​ ရိုးရိုးအအ အိမ်​ထောင်ရှင်တစ်ဦးဖြစ်ပြီး​ သူ့သူငယ်ချင်းဖြစ်သူ​ Louise ကတော့​ အတိတ်က​စိတ်ဒဏ်ရာတစ်ခုကိုခံစား​နေရတဲ့​ စားပွဲထိုးတစ်ဦးပါ။ သူတို့​နှစ်ယောက်​လုံးက​ သူတို့​ရဲ့ပတ်ဝန်းကျင်လူမှုအသိုက်အဝန်းကို စိတ်ကုန်နေတဲ့​ သာမန်​မိန်းကလေး​တွေဖြစ်ကြပြီး​ စိတ်​ပြေလက်ပျောက်ဖြစ်ဖို့အတွက်နှစ်ယောက်သား​ အပန်းဖြေခရီးထွက်လာကြပါတယ်။ လမ်းခုလတ်​မှာတော့​ ရာဇဝတ်မှု​တစ်ခုကို​ မတော်တဆ​ကျူးလွန်​မိရာကနေ ဥပဒေ​လက်ကနေထွက်ပြေးဖို့​ အသည်း​အသန်ကြိုးစားကြရပါတော့တယ်